ကုန်သွယ်ရေး လိုငွေပြဿနာကြောင့် မြန်မာ့စီးပွားရေး အဆိုးဘက်ကိုပိုမိုဦးတည်လာ

ကုန်သွယ်ရေး လိုငွေပြဿနာကြောင့် မြန်မာ့စီးပွားရေး အဆိုးဘက်ကိုပိုမိုဦးတည်လာ

စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကုန်သွယ်ရေးကဏ္ဍမှာ လိုငွေဆက်တိုက်မြင့်တက်နေ တာကြောင့် မြန်မာ့စီးပွားရေးဟာ အဆိုးဘက်ကို ပိုမိုဦးတည်လာတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါ တယ်။

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန် ကဏ္ဍကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၆၀၀ ကျော် ရရှိခဲ့ပေမယ့် သွင်းကုန်ကဏ္ဍမှာတော့ ကန်ဒေါ်လာ သန်းပေါင်း ၁၇၃၀၀ ကျော်အထိ ရှိခဲ့တာကြောင့် ကုန်သွယ်ရေးလိုငွေ သန်းပေါင်း ၇၀၀ ကျော်အထိ လိုငွေပြလာ တာပါ။

ကုန်သွယ်ရေးလိုငွေဟာ အခုဘဏ္ဍာရေးနှစ် ဧပြီလကနေ ဇူလိုင်လအထိ ၄ လအတွင်းမှာပဲ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၈၀ ကျော်အထိ ထပ်မံလိုငွေပြလာတာဖြစ်ပြီး ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် တစ်ခုလုံးနဲ့ နှိုင်းယှဉ်ပြရင် ၃ ဆနီးပါး လိုငွေမြင့်တက်နေတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးလိုငွေတွေဟာ မြန်မာငွေတန်ဖိုးကျဆင်းလာတာ၊ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည်ပကနေတင်သွင်းနေရတဲ့ ကုန်ကြမ်းပစ္စည်း ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ကုန်သွယ် ရေးကန့်သတ်ချက်ကြောင့် လိုငွေမြင့်တက်လာတာပါ။

ကုန်သွယ်ရေး လိုငွေဆက်တိုက်မြင့်တက်နေတာကြောင့် နိုင်ငံ့စီးပွားရေးဟာ ဒီထက်ပိုပြီး အဆိုးဘက်ကိုဦးတည် လာပြီး သွင်းကုန်ကဏ္ဍမှာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

“(၄)လ အတွင်းမှာ (၇၀၀)ကျော် လိုငွေပြတယ်။ အမှန်က မနှစ်ကတောင်မှ အဲဒီ (၄)လကို ကြည့်လို့ရှိရင် ကုန် သွယ်မှု ပိုငွေပြတယ်။ မနှစ်က (၁၇၀) ကျော်ကျော်လောက် ပိုငွေပြတယ်။ ဒီနှစ်ကလိုငွေပြတယ်ဆိုတော့ အခြေ အနေက ပိုပြီးတော့ အဆိုးဘက်ကိုသွားနေတဲ့ သဘောတော့ ရှိတယ်။ အဓိကတော့ သွင်းကုန်ကဏ္ဍကိုသွားပြီး ထိခိုက်မှာပေါ့။ ဘာလို့ဆိုတော့ အခုဟာကပို့ကုန်ဝင်ငွေကို အပေါ်ကပြန်ပြီးတော့ ခွဲပေးတယ်။ သွင်းကုန် သမား တွေကို။ အခုဟာက တကယ့်အရေးကြီးသွင်းကုန်တွေတောင်မှ ကြည့်ရတာသိပ်ပြီးတော့ လျှောက်သလောက် အပြည့်မပေးနိုင်တဲ့ သဘောတောင်ရှိတယ်။ ဆိုတော့ သွင်းကုန်ကိုပထမဆုံး စထိမှာပေါ့။ အဲဒီကနေမှ ကုန်ဈေး နှုန်းတို့ ဘာတို့ ဆက်တိုက်ထိမှာပေါ့” လို့ ပြောပါတယ်။

ကုန်သွယ်ရေးလိုငွေ ပြဿနာကို ပြီးခဲ့တဲ့အစိုးရလက်ထက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကို သွား ရောက် အလုပ်လုပ်ကိုင်သူတွေရဲ့ ဝင်ငွေတွေနဲ့ ထိန်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်သူတွေက တရား ဝင်ငွေလွှဲတာတွေ မရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေတွေကို ပြန်ဖြည့်ဆည်းဖို့ မဖြစ်နိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း ပို့ကုန်သွင်းကုန်ကဏ္ဍမှာ ကုန်သွယ်မှုလိုငွေ အမြဲတမ်းပြနေပါက စီးပွား ရေး လုပ်ငန်းတွေမှာ ပြဿနာ ရှိလာနိုင်သလို နိုင်ငံခြားငွေလိုအပ်ချက် ရှိလာပါကလည်း ငွေဈေးတွေအခုထက် ပိုပြီးတက်လာနိုင်တယ်လို့ ပြောပါတယ်။

“အမြဲတမ်းဆိုရင် ပြဿနာရှိတာပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကအလုပ်တွေ၊ နိုင်ငံ ခြားငွေရရှိမယ့် တခြားဟာတွေ မဝင်လာရင်တော့ ပြဿနာရှိတာပေါ့ကွာ။ တကယ်လို့ တခြားဟာတွေဝင်လာရင်တော့ အရမ်း အဆင်ပြေသွား နိုင်တာပေါ့။ နိုင်ငံခြားငွေမရှိရင်တော့ နိုင်ငံခြားငွေရ အောင် ရှာကြရမှာပေါ့။ အဲဒီအခါဆိုရင်တော့ တိုင်းပြည်စီးပွားရေးကလည်း ငွေဈေးတွေ အခုထက်ပိုပြီးတက်သွားနိုင်တာပေါ့။ ဒါကသူတို့ခဏတာ ထိန်းထား လိုက်ပြီးလေ။ တကယ်လို့ဒါမျိုးတွေ ခဏခ ဏဖြစ်နေမယ်ဆိုရင်တော့ စီးပွားရေးက ပြဿနာ တက်နိုင်တာ ပေါ့” လို့ ပြောပါတယ်။

ကုန်သွယ်မှုလိုငွေပြနေတာကြောင့် စစ်ကောင်စီအနေနဲ့ သွင်းကုန်ကဏ္ဍတွေကို ဒီထက်ပိုပြီး တင်းကျပ်လာနိုင် သလို ပြည်ပကုန်ပစ္စည်းရှားပါးတာ၊ ကုန်ပစ္စည်းဈေးနှုန်း ကြီးမြင့်တာတွေ ထပ်မံကြုံတွေ့လာနိုင်တယ်လို့ လုပ်ငန်း ရှင်တွေက ဆိုကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ကုန်သွယ်ရေးလိုငွေတွေ မြင့်တက်နေတာကြောင့် ပြည်ပမှတင်သွင်းနေရတဲ့ ကုန်ပစ္စည်းတချို့ကို ကန့်သတ်တာ၊ ပြည်တွင်းထုတ်ကုန်တွေ ထွက်ရှိဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိအားပေးတာတွေ လုပ်ဆောင်နေပါတယ်။

အာဏစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကုန်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားငွေလိုအပ်မှု ပိုမိုများလာတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ စီးပွားမြှင့်တင်ရေးအစည်းအဝေးအတွင်း ဝန်ခံပြောဆိုထားပါတယ်။

နိုင်ငံခြားငွေလိုအပ်မှု ပိုများလာတာဟာ နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ၊ ရှိပြီးသားနိုင်ငံခြားငွေသုံးစွဲလို့ မရအောင် လုပ်ဆောင်တာတွေနဲ့ ရဖို့ရှိတဲ့ ရောင်းကုန်ပစ္စည်း ရငွေတွေကို မပေးချေနိုင်အောင် ပိတ်ဆို့မှုမျိုးစုံ ပြုလုပ်လာတာတွေကြောင့်လို့ စစ်ခေါင်းဆောင်က အပြစ်ဖို့ထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးဟာ လက်ရှိအချိန် အထိ နာလန်မထူနိုင်သေးပဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါကျလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-Min Aung

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...