ကော်သူးလေအာမီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု KNU ပြော

ကော်သူးလေအာမီတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု KNU ပြော

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေရှိ ကော်သူးလေ အာမီ (KTLA) တပ်ဖွဲ့ဝင် (၁၆)ဦးသည် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း (၁၂)ထံ လက်နက်အပြည့်အစုံနှင့်အတူ ပြန်လာပူးပေါင်းသည်ဟု ကေအဲန်ယူတပ်မဟာ (၄) ဘက်က ပြောသည်။

အဆိုပါ ပြန်လည်ပူးပေါင်းလာသည့် ကော်သူးလေအာမီ တပ်ဖွဲ့ဝင် (၁၆) ဦးသည် တနင်္သာရီ အခြေစိုက် ဆာက ဆောတပ်မမှ ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များဖြစ်ပြီး နယ်မြေခံ KNLA တပ်ရင်း (၁၂) နှင့် ပြန်လည်ပူးပေါင်းလိုက်ခြင်း ဖြစ်သည်ဟု KNLA တပ်မဟာ(၄) တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အရင်က သူတို့က အယ်ခွီးလူတွေပါ။ နောက်တော့ ဒီဘက်တပ်ရင်း  ၁၂နယ်မြေထဲမှာ ပြန်ပို့တာ။ သူတို့ ကို ဦးဆောင်တဲ့တပ်ရင်းမှူးက ဖိုးခွားလေး။ အခု ဒီဘက်ကို သူတို့ ပြန်ပြောင်းလာတယ်။ လက်နက် အပြည့်အစုံနဲ့ ပါပဲ။ လောလောဆယ်တော့ သူတို့ကိုတော့ ဒီဘက်ကဘာတာဝန်မှ မပေးသေးဘူး။ ဒါပေမယ့် ဘက်တံဆိပ် တွေတော့ အကုန်ပြန်ပြောင်းလိုက်ပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းတို့သည် စက်တင်ဘာလ ၃ နှင့် ၄ ရက်နေ့တွင် နယ်မြေခံ KNLA တပ်ရင်း (၁၂) နှင့် ပြန်လည်ပူးပေါင်းလိုက် ခြင်း ဖြစ်သည်။

ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) ရှိ KNLA တပ်ရင်း (၁၀)နှင့် တပ်ရင်း (၁၂) နယ်မြေထဲတွင် ကော်သူး လေအာမီ-KTLA တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ရင်း (၁၂) နယ်မြေအတွင်း KTLA တပ်ဖွဲ့များ လှုပ်ရှားမှုမရှိတော့ကြောင်းလည်း ၎င်း KNLA တပ်မှူးက ဆက် ပြောသည်။

၎င်းက “ KTLA က တပ်ရင်း(၁၂) နယ်မြေထဲမှာ မရှိတော့ဘူး၊ တပ်ရင်း(၁၀) နယ်မြေထဲမှာ ရှိတော့တယ်။ (၁၂) နယ်မြေမှာတော့ တစ်လကျော်ကျော် ကျနော်တို့ နယ်မြေလှုပ်ရှားမှု လုပ်လိုက်တော့  တော်တော်လေး ငြိမ်သွား တယ်” ဟု ပြောသည်။

အဆိုပါ KTLA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ ၄ ထံ ပြန်လာပူးပေါင်းသည့်ကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီ -ကရင် သတင်းဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းနှင့်ကြိုးစားဆက်သွယ်ခဲ့ သော်လည်း ဆက် သွယ်၍ မရသေးပေ။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်ရင်း (၁၂) နယ်မြေထဲတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၉) ရက်နေ့တုန်းက KNLA စစ်ဘက်ရေးရာကွပ်ကဲမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာသည့် ကားကို ကော်သူးလေအာမီ-KTLA ဘက်က ပစ်ခတ်သည့်အတွက် ဗိုလ်မှူးစောဖိုးစီနှင့် ရဲဘော်တစ်ဦးသေဆုံးခဲ့သေးသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တွင် KNU လက်အောက်ခံတပ်နှင့် ကော်သူးအာမီ-KTLA တပ်တို့အကြား ဖြစ်ပွား သည့် လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးဖြေရှင်ပေးရန် ဒေသခံ အရပ်သား ပြည်သူများက သဘောထား ထုတ် ပြန် တောင်းဆိုမှုများရှိသည်။

ကော်သူးလေအာမီ (KTLA)ကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် - KNDO စစ်ဦးစီးချုပ် ရာထူးတာဝန် ရပ်စဲခံလိုက်ရသူ ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြက ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ (၆)နှင့် ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) နယ်မြေများထဲ အခြေချလှုပ်ရှားလျက်ရှိသည်။

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...