စစ်ကောင်စီစစ်ကြောင်းကြောင့် အင်းတော်ကြီးဒေသမှာ ရွှေတူးဖောင်မှု အများစု ရပ်နားထား

စစ်ကောင်စီစစ်ကြောင်းကြောင့် အင်းတော်ကြီးဒေသမှာ ရွှေတူးဖောင်မှု အများစု ရပ်နားထား

- စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် အင်းတော်ကြီးဒေသမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်အများစု ရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

- အာဆီယံအဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီကို ကြေညာချက်တွေထုတ်နေရုံမဟုတ်ဘဲ ဖိအားဖြစ်စေနိုင်တဲ့ဆုံးဖြတ်ချက်နဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်ပါတယ်။

 - ရှီးပဒီး လို့ခေါ်တဲ့ ဆောင်းပိုးနွေမြက် တူးဖော်မှုတွေရဲ့နောက်ကွယ်က သဘာဝပတ်ဝန်းကျင် ပျက်စီးလာနေတဲ့အကြောင်းတွေကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။