ရခိုင်တွင် သုံးလကျော်အတွင်း တရားမဝင်ကုန်သွယ်သည့် ကျွဲ၊နွားကောင်ရေ ၂၅၀ ကျော် ဖမ်းမိ

ရခိုင်တွင် သုံးလကျော်အတွင်း တရားမဝင်ကုန်သွယ်သည့် ကျွဲ၊နွားကောင်ရေ ၂၅၀ ကျော် ဖမ်းမိ
ပုံစာ - နွားများကို တရားမဝင် တင်ပို့မည့်စက်လှေတစ်စီးကို စက်တင်ဘာ ၇ ရက်နေ့က ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းတွင် ဖမ်းဆီးထားစဉ်။  ဓာတ်ပုံ- ရခိုင်နေ့စဉ်
ပုံစာ - နွားများကို တရားမဝင် တင်ပို့မည့်စက်လှေတစ်စီးကို စက်တင်ဘာ ၇ ရက်နေ့က ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းတွင် ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ- ရခိုင်နေ့စဉ်

ရခိုင်ပြည်အတွင်းမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ကျွဲ ၁၀ ကောင်နှင့် နွား ၁၄၄ ကောင် ကို ဇွန်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့အထိ သုံးလကျော်အတွင်း ဖမ်းမိခဲ့ကြောင်း ပြည်နယ် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်သည့် “ရခိုင်နေ့စဉ်” က ဖော်ပြသည်။

ဖမ်းမိသည့်ကျွဲ၊ နွားများမှာ ဘူးသီးတောင်မှ နွား ၅၀ ကောင်၊ မောင်တောမှ နွား ၂၃ ကောင်၊ ပေါက်တောမှ နွား ၆၅ ကောင်၊ တောင်ကုတ်မှ နွား ၂၉ ကောင်၊ သံတွဲမှ နွား ၇၇ ကောင်နှင့် ဂွမြို့နယ်မှ ကျွဲ ၁၀ ကောင်တို့ ဖြစ်ကြောင်း ဆိုသည်။

ထိုသို့ ဖမ်းဆီးရာတွင် ကျွဲ၊နွားများ တရားမဝင်တင်ပို့သူ အမျိုးသား ၂၃ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ယင်းအထဲတွင် မောင် တောမှ ၆ ဦး၊ ဘူးသီးတောင်မှ ၂ ဦး၊ စစ်တွေမှ ၁ ဦး၊ ကျောက်ဖြူမှ ၆ ဦး၊ တောင်ကုတ်မှ ၂ ဦးနှင့် သံတွဲမြို့နယ်မှ ၆ ဦးတို့ ပါဝင်သည်။

ရခိုင်က ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းချရာတွင် ဈေးကောင်းရသဖြင့် ကုန်းလမ်း၊ ရေလမ်းများမှ တရားမဝင် တင်ပို့ကြခြင်းဖြစ်ကြသည်။

လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် ရခိုင်တွင် ကျွဲ၊ နွားများကို လယ်ယာထွန်ယက်ရန် ယခင်က အသုံး ပြုကြသော်လည်း လက်ရှိတွင် စက်မှုကိရိယာများ ထွန်းကားလာသည့်သဖြင့် ကျွဲ၊ နွားများကို စီးပွားဖြစ် မွေးမြူ ပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချလာကြခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အခုက နွားတွေကို စီးပွားရေးအတွက်ပဲ တော်တော်များများက မွေးမြူကြတယ်။ လယ်ထွန်ဖို့က လယ်ထွန်စက် ကိုပဲ အားကိုးနေကြတာဆိုတော့ နွားတွေကို ရောင်းချဖို့အတွက်သာ မွေးမြူကြတာများတယ်” ဟု မောင်တောမြို့ နယ်၊ သာယာကုန်းကျေးရွာမှ လယ်သမား ဦးသာထွန်းစိန် ပြောသည်။

ရခိုင်တွင် ကျွဲ၊ နွားများကို ရောင်းချနိုင်ရန် အာဏာပိုင်အဆက်ဆက်မှ ဈေးကွက်ဖန်တီးပေးခြင်းများ မရှိသဖြင့် ဈေးကောင်းရသည့် တစ်ဖက်နိုင်ငံများကို တင်ပို့ရောင်းချမှုများ ရှိလာခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ရခိုင်က စီးပွားရေးသမားတစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးက “အရင်တုန်းက ကျွဲ၊ နွားတွေကို တရားဝင် ပို့ပေး မယ်ဆိုတဲ့ အနေအထားမျိုး ရှိခဲ့ဖူးတယ်လို့ထင်တယ်။ အခုနောက်ပိုင်းမှာ အဲဒီလို အစီအစဉ်မျိုးတွေ ရှိသေးလား တော့ မပြောတတ်ဘူး။ လက်ရှိမှာ အစိုးရတွေအနေနဲ့ တရားဝင်ဖြစ်အောင် စီစဉ်မပေးပေမဲ့ စီးပွားရေးလုပ်တဲ့ သူတွေက သူ့ရဲ့လုပ်ငန်း မပျက်အောင်တော့ တခြားနည်းလမ်းသုံးပြီး ပို့ကြမှာပဲဖြစ်တယ်” ဟု ပြောသည်။

မောင်တောမြို့နယ်၊ ဂြစ်ချောင်းကျေးရွာမှ နွားမွေးမြူရေးလုပ်ကိုင်သူ အမျိုးသားတစ်ဦးကလည်း “ဒီနိုင်ငံမှာက ကျွဲ၊ နွား ဈေးကွက်တွေကို အစိုးရက ချမပေးတော့ ပြည်တွင်းမှာလည်း တရားမဝင် ရောင်းဝယ်ရတယ်။ တရား ဝင် ရောင်းဝယ်မယ်ဆိုရင်လည်း ရတဲ့ဈေးကနည်းပြီး အခွန်အများကြီး အစိုးရကို ပေးဆောင်ရတယ်” ဟု ပြော သည်။

ရခိုင်ဒေသတွင်း လက်ရှိ နွားထီးတစ်ကောင် ပေါက်ဈေးမှာ ၁၃ သိန်းကျပ်ခန့်နှင့် နွားမတစ်ကောင် ပေါက်ဈေးမှာ ၈ သိန်းကျပ်ခန့်ရှိပြီး နွားအရွယ်အစားပေါ် မူတည်ကာ ဈေးသတ်မှတ်၍ ရောင်းချနေကြသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အများ အပြားတွင် ကျွဲ၊ နွားတိရိစ္ဆာန် ထောင်ချီသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...