စာသင်ကျောင်းများ တိုက်ခိုက်သည့် စစ်ကောင်စီကို တိုးချဲ့ပိတ်ဆို့မှုများလုပ်ရန် နိုင်ငံတကာအား KNU တောင်းဆို

စာသင်ကျောင်းများ တိုက်ခိုက်သည့် စစ်ကောင်စီကို တိုးချဲ့ပိတ်ဆို့မှုများလုပ်ရန် နိုင်ငံတကာအား KNU တောင်းဆို
Photo-CJ
Photo-CJ

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး မူတြော်ခရိုင် တပ်မဟာ (၅) တွင် စာသင်ကျောင်းနှင့် လူနေအိမ် အ ဆောက်အအုံများကို လေကြောင်းဖြင့် ဆက်လက် တိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အဖွဲ့အစည်း များမှ ပိတ်ဆို့အရေးယူမှု တိုးချဲ့လုပ်ဆောင်ရန် ကေအဲန်ယူက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကြေညာ ချက် ထုတ်ကာ တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက်နေ့တွင် မူတြော်ခရိုင် လူသောမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်တို့တွင် တစ်ရက် အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၃)နေရာ လုပ်ဆောင်ခဲ့ပြီး လူနေအိမ် အဆောက်အအုံ အပါ အဝင် စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းဆရာ (၁) ဦးနှင့် ကျောင်းသား (၄) ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ကေအဲန်ယူနယ်မြေအတွင်းရှိ  စာသင်ကျောင်းများကို တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက “တပ်မဟာ(၅)မှာ လေယာဉ်တွေနဲ့သုံးပြီး စာသင်ကျောင်းတွေကို ပစ်မှတ်ထား ပစ်ခတ် တာဟာ (၁) အချက်က ကျနော်တို့တွေရဲ့ မျိုးဆက်သစ် ပညာရေးကို ဖျက်ဆီးစေချင်တာ ဖြစ်တယ်။ နောက်ပြီး ကျနော်တို့ရဲ့ KECD (ပညာရေးဌာန)ရဲ့ ပညာရေးလမ်းကြောင်းတွေကို ဖျက်ဆီးစေချင်တာလည်း ပါတယ်လို့ ပြော လို့ရတယ်။ အဲဒီလိုပစ်ခတ်မှုကြောင့်အခု ကျေးရွာပေါင်း (၆)ရွာက လူထုတွေ တိမ်းရှောင် နေရတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရသည့် နေရာ (၃) ခုတွင် လူသာမြို့နယ် ခေးပူကျေးရွာအုပ်စု သေသူးခီးကျေး ရွာ၊ လယ်မူပလောကျေးရွာအုပ်စု ကော်ရော်ဘောထကျေးရွာနှင့် ဒွယ်လိုးမြို့နယ် နာကိုးခီးကျေးရွာအုပ်စု ထီး ကော်ထာရွာတို့ ဖြစ်ပြီး စစ်ကောင်စီက ဂျက်လေယာဉ်နှင့် ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် တိုက်ခိုက်သော ကြောင့် ကျောင်းဆရာနှင့် ကျောင်းသားများ အပါအဝင် သေဆုံးသူ (၅) ဦး ရှိသည့်အပြင် ကျောင်းဆရာမ (၁) ဦး၊ ကျောင်းသား (၅) ဦး နှင့် ရွာသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စစ်ကောင်စီ၏ စက်တင်ဘာလ (၇) ရက်နေ့က ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စာသင် ကျောင်း (၁) ကျောင်း၊ ဘော်ဒါဆောင် (၁) လုံး၊ ဘုရားကျောင်း (၁) ကျောင်း၊ ဝတ်ပြုဆုတောင်းရာ (၁) နေရာနှင့် လူနေအိမ် (၁၀) လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရာဝတ်မှုကျူးလွန်ပြီး ပြောင်ပြောင်တင်းတင်းပြည်သူများကို လေကြောင်း တိုက် ခိုက်မှုပြုလုပ်ခြင်းသည် ဥပဒေမဲ့ကျူးလွန်ခြင်းဖြစ်သည့် အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ သော်လည်းကောင်း၊ နိုင်ငံတကာတရားရေးယန္တရားမှ သော်လည်းကောင်း၊ ဒေသအတွင်း အဖွဲ့ အစည်းများ ဖြစ် သည့် အာဆီယံ (ASEAN)နှင့် ၎င်းအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် ပိုမို ထိရောက်သည့် လက်တွေ့ကျ နည်းလမ်းများဖြင့် တိုးချဲ့ပိတ်ဆို့ အရေးယူ ဆောင်ရွက်ကြ ရန်ကိုလည်း ကေအဲန် ယူ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မြန်မာပြည် အ‌ရှေ့‌တောင်ပိုင်းရှိ‌ ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို စောင့်ကြည့် မှတ်တမ်းယူနေသည့် ကရင်လူအခွင့်အရေးအဖွဲ့ - KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးကလည်း စစ်ရေးနည်းဗျူဟာ အဖြစ် စာသင်ကျောင်းများကို ပစ်မှတ်ထားပစ်ခတ်ခြင်းသည် ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပြီး ကျူးလွန်သူများကို ကြီးလေးသည့် အရေးယူမှုများကို အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ကေအိုင်စီသို့ ပြောသည်။

၎င်းက “အထူးသဖြစ် စာသင်ကျောင်းတွေ၊ ကျောင်းသားတွေ ဆရာ/ဆရာမတွေကို တိုက်ခိုက်တာဟာ ပညာရေး အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ ပြီးတော့ ကလေးအခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်။ စာသင် ကျောင်းဖြစ်စေ၊ အိမ်၊ ဆေးရုံဆေးခန်းတွေ၊ ဘာသာရေး အဆောက်အအုံတွေကို ပစ်ခတ်တာဟာ စစ်ရာဇဝတ်မှု ကို ကျူးလွန်တာဖြစ်တယ်။ ပြီးတော့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာ ဖြစ် တယ်။ ဒါကြောင့် ဒါကတွေဟာတကယ့် လူ့အခွင့်ရေးကြီးကို ချိုးဖောက်တာဖြစ်တာကြောင့် တာဝန်ယူရမယ်။ အပြစ်ပေး အရေးယူမှုလုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး အချိန်ကတည်းကစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်း အပေါ် အကြမ်းဖက်တိုက်ခိုက်မှု (၂၄) ကြိမ်တွင် စာသင်ကျောင်း အဆောက်အအုံပေါင်း (၃၇) ကျောင်း လုံးဝ ပျက်စီးခဲ့ပြီး မှတ်တမ်းပြုစုနိုင်ခြင်းမရှိသေးသည့် နောက်ထပ် ပျက်စီးမှုရှိသေးကြောင်းလည်း စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ပညာရေးကို တိုက်ခိုက်ခြင်းမှ ကာကွယ်‌ရေးနေ့တွင် KHRG က ထုတ်ပြန်ပြောဆိုထားသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...