အနာဂတ်ဖက်ဒရယ်ရဲတပ်ဖွဲ့အတွက် KNPF ကို ပြင်ဆင်လေ့ကျင့်သွားမည်ဟု KNU ပြော

အနာဂတ်ဖက်ဒရယ်ရဲတပ်ဖွဲ့အတွက် KNPF ကို ပြင်ဆင်လေ့ကျင့်သွားမည်ဟု KNU ပြော
Photo-KIC
Photo-KIC

အနာဂတ်ဖက်ဒရယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ရာတွင် အဆင်သင့်ဖြစ်ရန် ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး၏ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ကို ပြင်ဆင်လေ့ကျင့် လုပ်ဆောင်သွားမည်ဟု (၃၂)နှစ်မြောက် KNPF နေ့တွင် ကေအဲန်ယူ-ဗဟိုတွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောကြားခဲ့သည်။

ကေအဲန်ယူ၏ (၁၇) ကြိမ်မြောက် ကွန်ဂရက်တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဥ်အရ ကရင် အမျိုးသား ရဲတပ် ဖွဲ့ကို အနာဂတ်တွင် တည်ဆောက်သွားမည့် အနာဂတ်ဖက်ဒရယ် ရဲတပ်ဖွဲ့မှာ ကရင်ပြည်သူများအတွက် စံပြဖြစ် သည့် ကရင်အမျိုးသား ရဲတပ်ဖွဲ့ဖြင့် လည်းကောင်း၊ ဖက်ဒရယ် အဆင့်ရှိသည့် ရဲတပ်ဖွဲ့အဖြစ် အရောက်လှမ်းနိုင် ဖို့ ကြိုတင်ပြင်ဆင်ရမည့် အတတ်ပညာ အသိပညာများ ကို တိုးချဲ့သင်ကြားလေ့ကျင့်မှုများ လုပ်ဆောင်ရမည်ဟု ပဒိုစောလှထွန်းက အခမ်းအနားတွင်း ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ ပြည်ထဲရေးနဲ့ သာသနာရေးဋ္ဌာနရဲ့အောက် လုပ်ငန်းစဉ်အောက်မှာ ကရင့်အမျိုးသားရဲတပ်ဖွဲ့တွေ ကို ခေတ်မီပညာရပ်တွေ သင်ကြားနိုင်ဖို့ ခေတ်မီရဲတပ်ဖွဲ့တွေဖြစ်ပေါ်လာဖို့အတွက် ရှေ့လုပ်ငန်းစဥ်တွေ ချမှတ်တာ ဖြစ်တဲ့အတွက် လုပ်ငန်းစဉ်အောက်ကနေ အဆင့်ဆင့်သော ကရင့်အမျိုးသား ရဲတပ်ဖွဲ့တွေရဲ့ ပိုမိုအားကောင်း လာဖို့နဲ့ ပိုမိုစွမ်းရည်ပြည့်လာဖို့အတွက် တချိန်မှာ ဖွဲ့စည်းလာမဲ့ ဖက်ဒရယ် ရဲတပ်ဖွဲ့ရဲ့ အဖွဲ့ဝင် အနေနဲ့သော် လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ ရှိရမယ့် အတွေ့အကြုံ အောက်မှာသော်လည်းကောင်း ကျနော်တို့ ကြိုးစားပြီးတော့ တာဝန်ယူ တည်ဆောက်သွား ရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

စက်တင်ဘာလ (၉)ရက်နေ့တွင် ကျရောက်ခဲ့သည့် ၃၂ နှစ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)နေ့တွင်၎င်းတို့ အနေဖြင့် မိမိတို့ဒေသတွင် တည်ငြိမ်အေးချမ်းရေးအတွက် အဓိက အရေးကြီးသည့် တရားဥပဒေ စိုးမိုး ရေး၊ မူးယစ်ဆေးဝါး လုံးဝပပျောက်သွားစေရေးတို့ အတွက် ကရင်အမျိုးသား ရဲတပ်ဖွဲ့အနေဖြင့် အစွမ်းကုန် ကြိုး စားကြရန် လိုအပ်ကြောင်းလည်း အခမ်းအနားတွင် ဆက်လက်၍ တိုက်တွန်းပြောကြားသွားခဲ့သည်။

ကေအဲန်ယူ တပ်မဟာ (၇) ဋ္ဌာနချုပ်တွင် ပြုလုပ်သည့် ကရင်အမျိုးသား ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ဗဟိုတွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ကရင့်အမျိုးသား ရဲတပ်ဖွဲ့-ဗဟိုမှ ရဲမှူးကြီး ဗိုလ်မှူးကြီး စော ကြည်းနို၊ ဗဟိုအမြဲတမ်း ကော်မဝတီဝင် ပဒိုစောသမိန်ထွန်းနှင့် ဗဟိုခေါင်းဆောင်အချို့ အပြင် ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိ ရဲမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကော်သူးလေ အထက်တန်း ကျောင်းမှ ကျောင်းသူ၊ကျောင်းသားများနှင့် လူငယ်များအပါအဝင် စုစုပေါင်း လူဦးရေ (၅၀၀) ဝန်းကျင်ခန့် တက် ရောက်ခဲ့ကြသည်။

အခမ်းနားသို့ တက်ရောက်လာသူ အမျိုးသမီးတစ်ဦးက “ရဲတပ်ဖွဲ့ရှိတာတောင်မှ ကျမတို့ ရပ်ရွာထဲမှာ မူးယစ် ဆေးဝါးလောင်းကစားတွေ အကျင့်စာရိတ္တတွေ ပျက်နေသေးတယ်။ တချို့ဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့ အတွက် နောက်မျိုး ဆက်သစ်ကလေးတွေရဲ့ အနာဂတ်အများကြီး ပျက်စီးသွားတာကိုတွေ့ ရတယ်။ အဲ့ဒါ ကြောင့် အခုလို ကရင့်အမျိုးသားရဲတပ်ဖွဲ့ရှိတာကောင်းတယ်။ သူတို့မရှိရင် ကျမတို့ လူမျိုးတွေရဲ့အနာဂတ် ဒီထက်မက ပျက်စီးသွားနိုင် တယ်” ကေအိုင်စီသို့ ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် အခမ်းအနားတွင် တက်ရောက်လာသော တာဝန်ရှိ ခေါင်း ဆောင်အချို့မှ တိုက်တွန်းအား ပေးစကားအသီးသီး ပြောဆိုခဲ့ကြသလို ကေအဲန်ယူ-ဗဟိုမှပို့လာသော သဝဏ် လွှာဖတ်ကြားခြင်း၊ ကရင့်အမျိုးသားရဲတပ်ဖွဲ့ဖြစ်ပေါ်လာပုံအား ရှင်းပြပြောဆိုခြင်း နှင့် တေးသီချင်းများ ဖြေ ဖျော်ခြင်း စသည့်အစီအစဉ်များ ပါဝင်ခဲ့သည်။

ကော်သူးလေ ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ နယ်မြေအေးချမ်း သာယာ ရေးစသည့် တာဝန် (၃) ချက်ကို အကောင်အထည်ဖော်ရန် ကေအဲန်ယူ အနေဖြင့် ၁၉၉၁ ခုနှစ်တွင် ကျင်းပသည့် ၎င်းတို့၏ (၁၀) ကြိမ်မြောက် ကွန်ဂရက်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...