လေတပ်ဦးစီးချုပ် ဦးဆောင်ကျင်းပမည့် ညီလာခံကို မတက်ရန် အာဆီယံနိုင်ငံများကို JFM က တောင်းဆို

လေတပ်ဦးစီးချုပ် ဦးဆောင်ကျင်းပမည့် ညီလာခံကို မတက်ရန် အာဆီယံနိုင်ငံများကို JFM က တောင်းဆို

စစ်ကောင်စီ လေတပ်ကာကွယ်ရေး ဦးစီးချုပ်က အိမ်ရှင်အဖြစ် ဦးဆောင်မည့် အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများကဲ့သို့ ကျန်သည့် အာဆီယံနိုင်ငံများလည်း မတက် ရောက်ကြဖို့ Justice for Myanmar (JFM) က တောင်းဆိုလိုက်သည်။

အနန့်ပါ အပါအဝင် လေကြောင်းဗုံးကြဲမှုများတွင် တာဝန်ရှိသည့် လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ် အာဆီယံ လေတပ်အကြီးအကဲ ညီလာခံကို နေပြည်တော်တွင် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြုလုပ်သွားရန် ရှိနေသည်။

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က လက်ရှိအချိန်တွင် လေကြောင်းစစ်ဆင်ရေးကို အသုံးပြုပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းကို အမိန့်ပေးညွှန်ကြားနေသည်ဟု JFM က ထုတ်ပြန်ထား သည်။

ထို့ကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တရားမဝင်စစ်အုပ်စုကို အာဆီယံ ကာကွယ်ရေးဆိုင်ရာ လုပ် ဆောင်ချက် အားလုံးမှ ပိတ်ပင်ရန်နှင့် မလိုက်နာပါက စစ်အုပ်စုပါဝင်သော မည်သည့်လုပ်ဆောင်ချက်ကိုမှ မတက်ရောက်ဖို့ JFM က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

JFM ၏ ထုတ်ပြန်ချက်ထဲ AFP သတင်းဖော်ပြချက်ကို ကိုးကားပြီး ထိုင်းလေတပ်ဦးစီးချုပ် တစ်ဦးကပဲ အဆိုပါ အစည်းအဝေးကို တက်ဖို့ အတည်ပြုထားပြီး ကျန်သည့် နိုင်ငံများကမူ မသိရသေးဘူးဟု ဆိုသည်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ ငြင်းဆို လိုက်တာက စစ်အုပ်စုအပေါ် ထောက်ခံမှု ကျရှုံးနေပြီဆိုတဲ့ ရှင်းလင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အရေးယူခံရခြင်း လုံးဝမရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ အနေနဲ့ ဒေသတွင်း ညီလာခံတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး” ဟု ပြောသည်။

လေတပ် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည့် ဗိုလ်ချုပ်ကြီးထွန်းအောင်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ နောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကဲခဲ့သောသူ ဖြစ်သည်ဟု JFM က ဆိုသည်။

JFM က စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှုများ၊ အပြစ်ကျူးလွန်မှုများကို အရပ်သားအစိုးရ လက်ထက်ကတည်း က ဖော်ထုတ်နေပြီး နိုင်ငံတကာက အပြစ်ပေးအရေးယူမှုများ လုပ်ပေးရန် တောင်းဆိုနေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ် သည်။

JFM က အာဆီယံနိုင်ငံများကို တောင်းဆိုသည့် စာထဲတွင် ဗိုလ်ချုပ်ကြီးထွန်းအောင် တိုက်ရိုက် ဦးစီးကွပ်ကဲ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၏ သက်သေ အထောက်အထားများလည်း အများအပြားရှိကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဇီကြီး ကျေးရွာတွင် စုရုံးရောက်ရှိနေသော အရပ်သားပြည်သူ အများအပြားသေဆုံးခဲ့ရသည်။ အဆိုပါ ဗုံးကြဲမှုထဲ ကလေးသူငယ် ၄၀ အပါအဝင် အနည်းဆုံး လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါဒေသက ဂီတ ဖျော်ဖြေပွဲ တစ်ခုကို စစ်တပ်က ဗုံးကြဲခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၆၀ ကျော် သေဆုံးခဲ့သည်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...