မိုင်းနင်းမိသည့် ကလေးအတွက် ခြေတုတပ်နိုင်ရေး အရေးပေါ် အလှူငွေ လိုအပ်နေ

မိုင်းနင်းမိသည့် ကလေးအတွက် ခြေတုတပ်နိုင်ရေး အရေးပေါ် အလှူငွေ လိုအပ်နေ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်က အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး မြေမြုပ်မိုင်းကြောင့် ညာခြေထောက် ဆုံးရှုံးလိုက်ရပြီး ခြေတုတပ်နိုင်ရေး အလှူငွေ လိုအပ်နေသည်။

မိုင်းနင်းပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ကလေးက ၈ တန်း ကျောင်းသားလေးပါ။ ဖားဆောင်း တိုက်ပွဲတွေဖြစ်ပြီးတော့ ကလေးကသူ့အဖေနဲ့ နွား ပျောက်လို့ သွားလိုက်ရှာရင်း ဖားဆောင်း မြို့အထွက် စေတီနားမှာ ကလေးအဖေက ရှေ့ကသွားတာ လွတ်သွား ပြီး ကလေးက မိုင်းနင်းမိသွားတော့ ခြေထောက် ပြတ်ချိန်မှာ သွေးပူနေတုန်း ကလေးက ရတယ် အဖေလို့ပြော တော့ ဖားဆောင်းဆေးရုံပဲ တက်ခဲ့တယ်။ ကုမရတော့ ဖားဆောင်းကနေ လွိုင်ကော်ကို ကားနဲ့လာဖို့ ခက်တော့ စစ်တပ်က ကလေးကို ပို့ခမယူဘဲ လွိုင်ကော် ဆေးရုံကို ဟတ်စကီးနဲ့လာပို့ လို့ ဆေးရုံ တပတ်တက်တယ်။”

ထို့နောက် လွိုင်ကော်ဆေးရုံမှ “ခြေဖြတ် ပြီးဆင်းခိုင်းတယ်။ ပြီး တရက်ခြား ဆေးရုံပြနေရတယ်” ဟု အဆိုပါ ကလေး မိသားစုနှင့် နီးစပ်သူက ဆက်ပြောသည်။

အဆိုပါ ကလေးမှာ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်တွင် နွားပျောက်ရှာရင်းနှင့် မိုင်းနင်းမိခဲ့ဖြစ်ပြီး ညာ ခြေ ထောက်တစ်ဖက်ကို ဖြတ်ထားလိုက်ရခြင်း ဖြစ်သည်။

ထိုမိုင်းနင်းခံရသူ ကလေးငယ်မှာ မိသားစုဝင် ၅ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကလေးနှင့် မိဘများမှာ လွိုင်ကော်မြို့တွင် စစ်ရှောင်ရင်း လွိုင်ကော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေ ရသည်။

ဆေးကုသမှု ကုန်ကျစရိတ်များကို တစ်ဦးနည်းနည်းဆီ လာလှူကြသည်များ ရှိနေသည်ဟု ရှိတယ်လို့ အစ်မ တော်စပ်သူ က ပြောသည်။

“သူတို့က ဖားဆောင်းမှာနေတာပါ။ ဖားဆောင်းဖက် မိုင်းနင်းမိပြီး ဖားဆောင်းဆေးရုံကို ၄ ရက်တက်ပြီးမှ လွိုင်ကော်ဖက်ကိုယူတက်လာတာပါ။ ဆေးကုသမှုက အဖွဲ့လိုက်တော့မရှိဘူး။ တစ်ယောက်နည်းနည်း လှူကြတယ်” ဟု ပြောသည်။

အဆိုပါကလေးမှာ ခြေထောက် တစ်ဖက်ဖြတ်လိုက်ရသည့်အပြင် အခြားခြေတစ်ဖက်နှင့် လက်တို့တွင်ပါ ဒဏ်ရာရရှိထားသည်။

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...