အင်းတော်မြို့က ပြည်သူလေးဦးအား စစ်ခုံရုံးမှ တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်

အင်းတော်မြို့က ပြည်သူလေးဦးအား စစ်ခုံရုံးမှ တစ်သက်တစ်ကျွန်းနှင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့တွင် ဖမ်းဆီးခံရထားရသူ ပြည်သူ ၄ ဦးကို စစ်ခုံရုံးက နှစ်ရှည် နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်များ ချခံလိုက်ရသည်။

ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၄ ဦးကို စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ခုံရုံးမှ နှစ်ရှည် ထောင်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။

Indaw Revolution -IR က တာဝန်ရှိသူ အမျိုးသားတစ်ဦးက “အများဆုံး အဖမ်းခံရတဲ့ အကြောင်းပြချက်ကတော့ PDF ကို ထောက်ပံ့တယ်ပေါ့။ အကြမ်းဖက်အဖွဲ့တွေနဲ့ အဆက်အစပ်ရှိတယ်၊ အကြမ်းဖက်အဖွဲ့မှန်း သိရက်သားနဲ့ သူတို့နဲ့ ပူးပေါင်းပြီး လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ဖမ်းတာပေါ့” ဟု ပြောသည်။

ဖမ်းဆီး ထောင်ချခံလိုက်ရသူများမှာ ကိုဇော်မျိုး၊ ကိုကျော်သက်၊ ကိုမောင်မောင်ဝင်းနှင့် မသီတာဝင်းတို့ လေးဦး ဖြစ်သည်။

ကိုဇော်မျိုးနိုင်နှင့် ကိုကျော်သက်တို့နှစ်ဦးမှာ အင်းတော်မြို့အဝင်အထွက်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ကိုတင်မောင်ဝင်းနှင့် မသီတာဝင်းတို့ ၂ ဦးမှာ အင်းတော်ကားဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီက ယခုကဲ့သို့ ဖမ်းဆီးခံရမှုမှာ PDF ‌များ၊ တော်လှန်ရေးအဖွဲ့များနှင့် အဆက်အစပ် မရှိအောင်၊ အကြောက် တရားဝင်သွားစေရန်၊ ပြည်သူတွေများ အနေဖြင့် တော်လှန်ရေးမှာ မပါဝင်ရဲအောင် ခြိမ်းခြောက် သည့် သဘောမျိုး ဖြစ်ကြောင်းလည်း အထက်ပါ Indaw Revolution -IR တာဝန်ရှိသူ အမျိုးသားက သုံးသပ် ပြောဆိုသည်။

ကိုဇော်မျိုးနိုင်ကို ပုဒ်မ ၅၀-ည၊ ၅၂-က နှင့် ကိုတင်မောင်ဝင်းကို ပုဒ်မ ၅၀-ည၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်းစီ ချမှတ်လိုက်ပြီး ကိုကျော်သက်နှင့် မသီတာဝင်းတို့ နှစ်ဦးကိုမူ အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မ ၅၂-က နှင့် ၅၂-ခ အရ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။

အင်းတော်မြို့အတွင်း ဩဂုတ်လမှ စက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ခုံရုံးမှ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ၁၀ ဦး အထိရှိခဲ့ပြီး ၄ ဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရသည်။

လက်ရှိအချိန် အင်းတော်မြို့အထက် မော်လူးကျေးရွာဘက်ကို ဝန်းသို ၁၁၁ တပ်မှ လာသည့် စစ်ကောင်စီ တပ် သားများ စစ်ကြောင်းထိုးနေပြီး လမ်းတစ်လျှောက် ကျေးရွာများရှိ ပြည်သူအချို့ကို ပစ္စည်းထမ်းရန်၊ လမ်းပြ အဖြစ် ခေါ်ဆောင်သွားခြင်းများလည်း ရှိနေသည်။

Most read this week

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...