နာဂ ဒေသတွင် စာသင်နှစ်ဝက်ကျိုးသည်အထိ ဖတ်စာအုပ်များ မရသေး

နာဂ ဒေသတွင် စာသင်နှစ်ဝက်ကျိုးသည်အထိ ဖတ်စာအုပ်များ မရသေး

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးရုံးစိုက်ရာ လဟယ်မြို့တွင် စာသင်နှစ်တစ်ဝက် ရှိလာသော်လည်း ကျောင်းသုံး ဖတ်စာအုပ်များ မရသေးသောကြောင့် ကျောင်းသူ/သားများ သင်ခန်းစာများ လေ့လာရေး၊ သင် ကြားရေးပိုင်းတွင် အခက်အခဲများ ဖြစ်နေကြသည်ဟု လဟယ်မြို့ရှိ ကျောင်းသားမိဘများက ပြောသည်။

နာဂဒေသတွင် စာသင်နှစ်တစ်ဝက်ရှိလာသော်လည်း အခြေခံပညာကျောင်း သင်ရိုးညွန်းတန်း ဖတ်စာအုပ်များ မရရှိသောကြောင့် ကျောင်းသူ/သားများ စာသင်ကြားရာအတွင် အခက်မတွေ့ာ အချို့မှာ ကျောင်းထွက်သွား သည် အထိပင် ဖြစ်လာသည်ဟု ပြောသည်။

ကျောင်းသား မိဘတစ်ဦးက “အိမ်ကသားကြီးက ၁၂ မှာတက်နေတော့ ဖတ်စာအုပ်တွေ မရှိတော့ မိတ္တူစွဲပြီး ကျောင်းတက်နေကြတာလေ။ တချို့ကလေးတွေ မတက်နိုင်လို့ ကျောင်းထွက် ချင်နေကြတာ။ ကလေး တစ် ယောက်ဆို မနေ့ည ကျောင်းထွက်တော့မယ် ဆိုပြီးပြောတယ်။ ဘာဖြစ်လို့လဲလို့ မေးတော့ စာအုပ်မရှိလို့တဲ့” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေး စနစ်သစ်ကို ယခုနှစ် ၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် သင်ရိုးညွန်းတန်းအသစ် ပုံစံပြောင်း ကာ Grade 11 နှင့် Grade 12 တို့အား စတင်ဖွင့်လိုက်သည်။

လဟယ်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် နိုင်ငံရေး အခြေအနေများကြောင့် Grade 11 နှင့် 12 အတွက် ဖတ်စာအုပ် မရောက်ရှိသေးသလို ဝယ်ယူရန် ခက်ခဲခြင်းတို့အပြင် ဆရာ၊ ဆရာမများ ကိုင်သည့် စာအုပ်ပင် မရှိကြောင်း အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက ပြောသည်။

“ပုံနှိပ်စာအုပ်တွေ မစုံလို့ စာသင်ရတာလည်း ခက်ခဲတာပေါ့။ ဒါကတော့ နိုင်ငံရေး အခြေအနေဆိုတော့ စာအုပ် က သယ်လို့မှ မရတာ။ တချို့အတန်းတွေက ရှိကြပါတယ်။ Grade 11 နဲ့ 12 က မစုံ၊ Grade 12 ဆို Bio နဲ့ physics စာအုပ်ပဲရှိတာ။ ကျန်တာမရှိဘူး။ ကျွန်တော်တို့က သီးသန့်မှာ ယူထားတာ နန်းယွန်းဖက်ကနေ ဆရာကိုင်ဖို့ အတွက် တချို့က လိုင်းပေါ်ကနေ PDF ဖိုင် ဒေါင်းပြီး Print ထုတ်ပြီး သင်နေတယ်။ A4 ဖိုးတော့ အတော် ကုန် တာပေါ့” ဟုပြောသည်။

အချို့ ကျောင်းသူ/သားများ အနေဖြင့် ဖတ်စာအုပ်များအား မိတ္တူစွဲကာ သင်ယူနေရသော်လည်း မိတ္တူကူးခ ဈေး ကြီးမှုကြောင့် အများစုက မကူးယူနိုင်ကြဘူးဟု ကျောင်းသားမိဘ တစ်ဦးက ဆက်ပြောသည်။

“တစ်အုပ်လုံး မိတ္တူကူးရင် ၄ သောင်း အထက်ကုန်တယ်။ အခုကလေးတွေက သူများဖုန်းနဲ့ ရိုက်ပြီး ကျက်မှတ် နေ ကြတာလေ။ ဆယ်တန်းထိတော့ အဆင်ပြေတယ်။ ၁၁ တန်း ၁၂ တန်းတွေက ခက်နေတာ” ဟု ပြောသည်

ထိုအပြင် နာဂဒေသတွင် ကျောင်းဆရာ၊ ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် အလယ်တန်းအဆင့်မှ ဆရာ၊ ဆရာမများက အထက်တန်းအဆင့်အား သင်ပေးနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အလယ်တန်းပြတွေကို ခေါ်ပြီးသင်ခိုင်းနေတယ်လို့ သိရတယ်။ အခုလည်း ဆရာ၊ ဆရာမတွေ မလောက်လို့ ပညာရေး ဝန်ထမ်းအတွက် ဆယ်တန်းကျနဲ့ အောင်တွေ လျှောက်ခိုင်းနေတယ်လို့ သိရတယ်” ဟု ပြောသည်။

အမည်အဖော်လိုသူ ကျောင်းဆရာတစ်ဦးကလည်း “အထက်ပြတွေ မလောက်တော့ အလယ်ပြတွေ တက် သင် ရတာရှိတယ် မနိုင်ဘူးလေ။ အခု G 12 က တော်တော်လေးကို ခက်တယ်လေ။ စာက ဒီနှစ်မှ စထွက်တာ ဆို တော့ အဝေးသင်က Second year စာနဲ့ level တူတယ်။ စာက အတော်လေးလည်း အဆင့်မြင့်တယ်။ ပြဿနာ က ဆရာ ဆရာမ တွေမရှိတာ” ဟု ပြောသည်။

Grade 10 အတွက် အလယ်တန်းပြများက သင်ကြားပေးနိုင်သော်လည်း Grade 11 နှင့် 12 ပညာရေးမှာ တက္က သိုလ်အဆင့် ဘာသာရပ်များ ပါရှိခြင်းကြောင့် ကျောင်းသူ/သားများအတွက် စာမတတ်မြောက်မည်ကို စိုးရိမ် နေရကြောင်း လဟယ်ဒေသခံ ကျောင်းသားမိဘများက ပြောသည်။

လဟယ်မြို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကျောင်းသား ၂၃၉ ဦး ဖြေဆိုခဲ့ရာ ၈၁ ဦး ဖြေဆို အောင်မြင်ခဲ့သည်။

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...