အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ

အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေးနှစ်ဦး ပြန်လည် လွှတ်လာပြီး၊ မိဘ ၂ ဦးကို ဖမ်းဆီးထားဆဲဟု နီးစပ်သူများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့တို့ သြဂုတ် လ ၂၈ ရက်နေ့ ညနေပိုင်းတွင်  အင်းလေး သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစု ၄ ဦးကို ဖမ်းဆီးခဲ့ သည်။

ထို့ဖမ်းဆီးမှုအပြီး မိသားစုဝင် (၄) ဦးမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး နှင့် အသက် ၁၅ နှစ်အရွယ် အမျိုး သား လူငယ်တစ်ဦးကို သြဂုတ်လ ၃၁ ရက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့ရာ မိဘ (၂) ဦးကို လက်ရှိအချိန်ထိ မည် သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးကြောင်း  ၎င်းနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးနှစ်ယောက်တော့ ပြန်လွတ်လာပြီ။ သူ့အဖေ၊ အမေတွေတော့ ပြန်မလွတ်လာသေးဘူး။ သတင်းလည်း လုံးဝ အစအန မရဘူး။ ကလေးတွေကတော့ အိမ်ပြန်ရောက်သွားတယ်။ သူတို့ စိတ်အခြေအနေက အရမ်းကို ကြောက်နေတာ။ ဘာမှမပြောရဲဘူး။ သူတို့ဆွေမျိုးတွေလည်း ကြောက်နေတယ်“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေး အမျိုးသမီးသမဂ္ဂ အဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးများရှိပြီး အချို့သည် ပြန်လည်လွတ်မြောက်လာသော်လည်း အချို့မှာ တောင်လေးလုံးထောင်အတွင်း ပြန်လည် ဖမ်းဆီးခံထားရဆဲကြောင်း ဆိုသည်။

“အမျိုးသမီးတွေရဲ့ ဘဝက လုံးဝ လုံခြုံမှုမရှိဘူး။ အချိန်မရွေး ထိခိုက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေပါ။ ညဖက် သွားလာဖို့ မပြောနဲ့၊ အိမ်မှာနေရင်တောင် အချိန်မရွေး အန္တရာယ်ရှိတယ်။ အချိန်မတော် ဝင်ရောက်ဖမ်းဆီး ခေါ် ဆောင်မှုတွေရှိပြီး အမျိုးသမီးတွေအတွက် အကာအကွယ် မဲ့နေလို့ပါ“ ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ အမည် မဖော်လိုသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ  ၂၃ ရက်တွင် အင်းလေးဒေသ ဟဲယာရွာမကျေးရွာဘက် ညကင်းလှည့်သည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပျူစောထီးတို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးချော့သိပ်နေသည့် နေအိမ်ထဲရှိ အမျိုးသမီးတစ်ဦး၏ နားထင်ကို သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ပြည်သူများ၏ လုံခြုံရေး အခြေအနေ သည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ စုစည်းထားသည့် သတင်း အချက်အလက်များအရ သိရသည်။

Most read this week

October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...