ဇင်ယော်ဆီပန့်ဆိုင်ကို စစ်တပ်က ဘတ်ဟိုးနှင့် ဖျက်ဆီး

ဇင်ယော်ဆီပန့်ဆိုင်ကို စစ်တပ်က ဘတ်ဟိုးနှင့် ဖျက်ဆီး

ကချင်ပြည်နယ် မိုးကောင်းမြို့ ဖိုးချစ်ကုန်းရပ်ကွက်ရှိ ဇင်ယော်ဆီပန့်ဆိုင် ၂ ဆိုင်က ဖမ်းဆီးသွားသည့် ဝန်ထမ်း အယောက် ၂၀ ကျော်ကို စစ်တပ်က ပြန်မလွှတ်ပေးသေူသည့်အပြင် အပြင် ဆီဆိုင်တစ်ဆိုင်ကိုပါ ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇင်ယော်ဆီဆိုင်ပိုင်ရှင် ဦးမိုးကျော်နှင့် ဒေါ်ခင်မာရွှေတို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် များနှင့် ပတ်သက်ဆက်နွယ်သည် ဆိုသော စွပ်စွဲချက်ဖြင့် ၎င်းတို့မိသားစုပိုင် မြစ်ကြီးနား - မိုးကောင်းမြို့ - ဖား ကန့် လမ်းမပေါ်တွင်ရှိသော ဇင်ယော်ဆီဆိုင် ၂ ဆိုင် အပါအဝင် နေအိမ်ကို စက်တင်ဘာလ ၂ ရက်နေ့ ညတွင် ဝင် စီးပြီးကာ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကို ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့တွင် ဆီဆိုင် ၂ ဆိုင်ထဲက မိုးကောင်းမှ ဖားကန့်သွားလမ်းဘက်ရှိ ဆီဆိုင် တစ်ဆိုင်ကို စစ်တပ်က ဘတ်ဟိုးနှင့် ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“သူတို့ဆိုင်က ၂ ဆိုင်ရှိတယ် မိုးကောင်းကနေ မြစ်ကြီးနားဘက်သွားတဲ့ လမ်းမှ တစ်ဆိုင် မိုးကောင်းကနေ ဖား ကန့်သွားတဲ့ လမ်းမှာတစ်ဆိုင် အခုဖျက်ဆီးပေးလိုက်တာ။ ဖားကန့်သွားလမ်းဘက်က ဆိုင်ဟုတ်တယ်။ ဘာမှ ရစရာ မရှိအောင်ကို ဖျက်ဆီးပေးလိုက်ကြပြီ” ဟု မိုးကောင်းဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

စစ်တပ်က လာရောက်ဖမ်းဆီးချိန် ဦးမိုးကျော်တို့ မိသားစုမှာ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း နေအိမ်တွင် ကျန်နေခဲ့သည့် ဧည့်သည်အဖွားအို တစ်ဦးပါ ဖမ်းသွားသည်ဟု ဆက်ပြောသည်။

မိုးကောင်း ဒေသခံအမျိုးသားတစ်ဦးက “အိမ်ရှင်တွေက သတင်းကြိုရလို့ထွက်ပြေးသွားတာ အဲမှာ ဧည့်သည် အဖွားအို တစ်ယောက်က ကျန်နေတာ သူ့ကိုတော့ဘာမှမလုပ်လောက်ဘူးအထင်နဲ့နေခဲ့တာနေမှာ အဲ့ဒါကို စစ် သားတွေက အဖွားကြီးကို သေနတ်ထောက်မေးတော့ အဖွားက သတိလစ်သွားတယ်လို့ သိရတယ်။ အဲ့အဖွားကို လည်း ဖမ်းဆီးသွားတယ်။ ပြီးတော့ ဆိုင်ဝန်ထမ်း အယောက် ၂၀ ကျော်ကိုလည်း အသက်မပြည့်တဲ့ ကလေး မလေး တစ်ယောက်ကိုလည်း ဖမ်းသွားတယ်“ ဟု ဆက်ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ဝန်ထမ်းများအနက် အသက်မပြည့်သေးသည့် ဝန်ထမ်းအမျိုးသမီးငယ်ကို စက်တင်ဘာလ ၂ ရက်နေ့၊ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး ဧည့်သည်အဖွားအိုအပါအဝင် ကျန်ဝန်ထမ်းများမှာ ပြန်မလွတ်လာ သေးဘူးဟု ဆိုကြသည်။

ထိုသို့ ပြန်မလွှတ်ပေးသေးသည့်အပြင် ဆီဆိုင်ကိုပါ စက်တင်ဘာလ ၃ ရက်နေ့က ဖျက်ဆီးပစ်လိုက်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မိုးကောင်းမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းကြို ကား ပစ်ခတ်ခံရပြီးနောက် မြို့တွင်းမြို့ပြင် လုံခြုံရေးကို ပိုတိုးထားပြီး အရပ်သား ပြည်သူများကိုလည်း ဆက် တိုက်ဖမ်းဆီးနေခြင်း ဖြစ်သည်။

“အခုက ဖမ်းဆီးခံရသူတွေက တစ်နေ့ထက်တစ်နေ့များလာနေပြီ ခုဆိုတစ်ချို့တွေက မိုးကောင်းကနေ ရှောင်ပြေး နေကြတဲ့ မိသားစုတွေလည်းရှိလာပြီ။ လမ်းသွားလမ်းလာလည်း ဖမ်းဆီးခံရဆိုတော့ မိုးကောင်းက အခြေအနေ တော်တော်ဆိုးနေပြီ” ဟု မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ဩဂုတ်လ ၁၉ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့ထိ ဖမ်းဆီးခံလိုက်ရသည့် အရပ်သားပြည်သူ ၁၀၀ ထက် မနည်းရှိနိုင်ကြောင်း ပြောဆိုနေကြသော်လည်း ဖမ်းဆီးရခံရသူ စာရင်းကို တိတိ ကျကျရယူနိုင်ဖို့ ခက်ခဲနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်က မြို့တွင်းမြို့ပြင် လုံခြုံရေး ပိုချထားသည့်အပြင် စစ်ဆေးမှုများလည်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေမှုကြောင့် မိုးကောင်းမြို့တွင် ညပိုင်း အပြင်ထွက်သူပင် မရှိသလောက် နည်းလာပြီဟု ဒေသခံများ က ပြောသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...