မွန်ပြည်နယ်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားကူးစက်မှု စိုးရိမ်ပူပန်စရာဖြစ်လာ

မွန်ပြည်နယ်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားကူးစက်မှု စိုးရိမ်ပူပန်စရာဖြစ်လာ

မွန်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ လေထုညစ်ညမ်းမှုများကြောင့် ကလေးငယ်အများစု အဆုတ်ရောဂါ ဖြစ်ပွားကူးစက်မှု ပြင်းထန်လာ၍ စိုးရိမ်ပူပန်စရာဖြစ်သည်ဟု ဒေသတွင်း ဆရာဝန်များက သံလွင်တိုင်းမ်ကို ပြောသည်။

အဆုတ်ရောင်ရောဂါသည် ပြီးခဲ့သည့် လပိုင်းများက၍ မွန်ပြည်နယ်အတွင်းရှိ မြို့တော် မော်လမြိုင် အပါအဝင် မြို့နယ်အများစုတွင် ရောဂါဖြစ်ပွားကူးစက်မှုများရှိလာပြီး အစုံလိုက်အပြုံလိုက် ရောဂါဖြစ်ပွားသည့် အခြေ အနေအထိ ဖြစ်လာခဲ့သည်။

ဆရာဝန်တစ်ဦးက “အခုပိုဆိုးတာက ရင်ကျပ်နဲ့အဖျားကြီးတာ ပိုဆိုးနေကြတယ်။ သူကအဆုတ်ရောင် ရောဂါမျိုး ပေါ့။ နမိုနီးယားလို ရောဂါမျိုးရယ်၊ ကလေးရင်ကျပ်ရောဂါပဲ။ ရာသီဥတု အပြင်းအထန်ပြောင်းလဲလို့ ကလေး တွေ ခံစားရတဲ့ဟာမျိုးပေါ့၊ အဆုတ်ရောင်တယ်၊ နမိုးနီးယားဝင်တယ်။ ဒီရောဂါက တော်တော်များများ ကလေး အားလုံးနီးပါးကို ဖြစ်နေကြတယ်။ အရင်ကတချို့တလေလောက်ပဲ ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါမှာ ပြင်းထန်မှုရှိပြီး ရောဂါကုထိုး ဆေးများကအစ ဈေးကွက် အတွင်း ပြတ်လပ်နေသောကြောင့် အသက်သေဆုံးမှုအထိ ရှိလာသည်ဟု အဆိုပါ ဆရာဝန်က သံလွင်တိုင်းမ်ကို ဆက် ပြောသည်။

“နဂိုပန်းနာရင် ကျပ်အခံရှိတဲ့ ကလေးတို့၊ ကိုယ်ခံအားနည်းတဲ့ ကလေးတွေလောက်ပဲ ဖြစ်တယ်။ ဒီနှစ်ကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်တယ်။ ကလေးရင်ကျပ် ဆေးလိုဟာမျိုးဆိုရင် ထိုးဆေးတွေ ဈေးကွက်မှာ မရှိသ လောက်ကို ဖြစ်တယ်။ အသက်ဆုံးရှုံးမှုတွေလည်း ရှိတယ်။ များတယ်။ ထိထိရောက်ရောက် ဒေတာ မထုတ် လို့ သာ မသိတာ၊ များတယ်ခင်ဗျ” ဟု ပြောသည်။

အဆုတ်ရောင်ရောဂါကြောင့် ကလေးဆေးရုံနှင့် အပြင် ဆေးခန်းများတွင် ကလေးငယ်လူနာများ ပြည့်ကျပ်သည် အထိ ဖြစ်ပွားနေသလို ပြီးခဲ့သည့် ဩဂုတ်လတုန်းကလည်း အဆုတ်ရောင်ရောဂါကြောင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းအချို့ပါ ယာယီကျောင်းပိတ်ကြောင်း ကြေညာမှုများ ရှိခဲ့သည်။

အဆုတ်ရောင်ရောဂါသည် ရာသီဥတုအပြောင်းအလဲတွင် အအေးမိနှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လေထုညစ် ညမ်းမှု၊ အာဟာရမပြည့်ဝမှု၊ တာရှည်ခံပစ္စည်းများပါသော အစားအသောက်များ စားမိခြင်းကအစ နမိုးနီးယား ပိုးမွှားဝင်ရောက်ပြီး ကူးစက်သည့် ရောဂါတစ်ခု ဖြစ်သည်။

လက်ရှိဖြစ်ပွားနေတဲ့ အဆုတ်ရောဂါမှာ ယခင်က ကလေးငယ်များတွင် ဖြစ်ပွားမှုနည်းခဲ့သော်လည်း လက်ရှိတွင် အဖြစ်များပြီး သေဆုံးမှုပါ ရှိလာ၍ ကလေးငယ်များကို အထူးဂရုစိုက်စိုက်ကြရန် ဆရာဝန်များက တိုက်တွန်းထားသည်။

အခြား ဆရာဝန်တစ်ဦးကလည်း “ချောင်းဆိုးနှာစေးကနေ ကူးတယ်။ လေထုမသန့်တာကနေ ကူးတယ်။ နောက် ကလေးကို မိုးမိ၊ အအေးမိတာကနေ စဖျားပြီးလို့ရှိရင် နမိုးနီးယား ပိုးကဝင်လာတာ။ သူက လေကနေကူးတာပဲ။ ကိုဗစ်တုန်းကကူးတဲ့ ပုံစံအတိုင်းပဲကူးတာ ဒီကောင်က။ လက္ခဏာလည်း အဲဒီတုန်းက ပုံစံအတိုင်းပဲ ဖြစ်နေတယ်။ အဖျားကြီးတယ်၊ ကလေးတွေ ချောင်းဆိုးများတယ်၊ မောတယ်။ ကိုဗစ်ကတော့ လောလောဆယ် မစစ်ထား တော့ အတိအကျတော့ မပြောနိုင်ဘူး။ လက္ခဏာတော့တူပေမယ့် ကျွန်တော်တို့ အတိ အကျပြောဖို့ကျတော့ မစစ်ထားလို့ မပြောတာခင်ဗျ။ ဖြစ်နိုင်ချေကတော့ ဗီဇကွဲပုံစံ ဖြစ်နိုင်တယ်” ဟု ပြောသည်။

အဆုတ်ရောင်ရောဂါသည် ကိုဗစ်ရောဂါကဲ့သို့ လေမှတဆင့် ကူးစက်ခြင်းများ ရှိနေသလို ရောဂါဖြစ်ပွားသည့် ကလေးများမှာ အောက်စီဂျင်နှင့် ရင်ကျပ်ရှူဆေးများပါ ရှူနေရသည်ဟု အဆိုပါ ဆရာဝန်က ပြောသည်။

“ဒီတခေါက် ကလေးကိုတိုက်ခိုက်တာပေါ့။ အခါတိုင်းအသုတ်တွေမှာ ကလေးတွေမှ မထိခိုက်တာ၊ အနည်းဆုံး တစ်ပတ်ကျော် နှစ်ပတ်လောက်ထိကို မသက်သာဘူးပြောတယ်။ အောက်ဆီဂျင်တို့ ရှူဆေးတွေ ရှူရတာတွေ ရှိတယ်။ အခုဆေးရုံမှာလည်း အများကြီး ရင်ကျပ်ရှူဆေးတွေ ရှူနေရတယ်။”

အဆုတ်ရောင်ရောဂါလက္ခဏာမှာ ၃ ရက်ခန့် အဖျားမကျခြင်း၊ ပုံမှန်ထက်မောနေခြင်း၊ အစာမဝင်ခြင်းများ ဖြစ် ပေါ်တတ်ပြီး ထိုသို့ ဖြစ်လာပါက အမြန်ဆုံးဆေးရုံ၊ ဆေးခန်းများတွင် ပြသရန် ဆရာဝန်များက တိုက်တွန်းထား သည်။

အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အဆိုအရ ကမ္ဘာ့တွင် တစ်နှစ်လျှင် အဆုတ်ရောဂါ ကြောင့် ကလေးငယ်များအပါဝင် လူပေါင်း ၃ သန်းနီးပါး သေဆုံးထားပြီး ထိုအထဲက သုံးပုံတစ်ပုံမှာ လေထု ညစ် ညမ်းမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...