စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေတာကြောင့် လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွား

စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေတာကြောင့် လိုင်ဇာဌာနချုပ်အနီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွား

- မြစ်ကြီးနားနဲ့ ဗန်းမော်ဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေဆဲဖြစ်တာကြောင့် အခုတလော ဌာနချုပ်အနီးမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ KIO ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း မူဆယ် - နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ် TNLA တို့ကြားတိုက်ပွဲအတွင်း ကျေးရွာထဲ လက်နက်ကြီးကျရောက်တာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

- ဖားကန့်လမ်းဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းချီတက်လာတိုင်း ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်ပြုလုပ်နေတာဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးကို ဆိုးရွားစွာ ကျူးလွန်နေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့အစည်း(KWAT)က ပြောပါတယ်။

Most read this week

October 28, 2024
မိုးအဆက်မပြတ် ရွာသွန်းနေဆဲ ဖြစ်တဲ့အတွက် ဆားလုပ်ငန်း အချိန်မီ မစတင်နိုင်တာကြောင့် ဆားထွက်ရာသီမှာ...
October 28, 2024
- မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ရက်အကန့်အသတ်မရှိ တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပါတယ်...
October 28, 2024
ရခိုင်က မြို့နယ် တချို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေပြီး...
October 28, 2024
စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို တိုက်ခိုက်ဖို့ အဆင်သင့်ပဲလို့ မွန်ပြည် တော်လှန်ရေးတပ်က ပြောပါတယ်...