NCA စာချုပ် တရားဝင်တည်ရှိပြီး ပျက်ပြယ်ခြင်းမရှိဘူးဟု အပစ်ရပ် ၅ ဖွဲ့ပြော

NCA စာချုပ် တရားဝင်တည်ရှိပြီး ပျက်ပြယ်ခြင်းမရှိဘူးဟု အပစ်ရပ် ၅ ဖွဲ့ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) က ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် စာချုပ်ဖြစ်သောကြောင့် တရားဝင်ဖြစ်ပြီး ပျယ်ပြယ်ခြင်းမရှိဘူးဟု အပစ်ရပ် ၅ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နှင့် အပစ်ရပ် ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့တို့ နေပြည်တော်တွင် ငြိမ်းချမ်ရေးဆွေးနွေးမှုအပြီး သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါ်စောမြရာဇာလင်းက NCA သည် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက် အနှစ်သာရရှိသော စာချုပ် ဖြစ်ကြောင်းနှင့် စာချုပ်ကိုအခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေ ဖြင့် NCA ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံတော်တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားကြရမည်ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းက “အဲဒီစာချုပ်ကို တရားမဝင်ဘူးမရှိတော့ဘူးလို့ ပြောဖို့ အစား အဲဒီစာချုပ်ကို ပိုပြီးတော့ ခိုင်မြဲလာအောင်၊ အသက်ဝင်အောင် အားနည်းချက်တွေရှိရင် အားသာလာအောင် လုပ်ရမှာဖြစ်ပါတယ်။ ဘယ် အရာမဆို အားသာချက် အားနည်းချက်တွေ ရှိတတ်တယ်။ အားနည်းချက်တွေကတော့ ရှိတယ်ဆိုလို့ရှိရင် ဖာပြင် လို့ရတယ်၊ ပြုပြင်လို့ရတယ်။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ်ကိုတောင်မှ ပြင်လို့ရသေးတာပဲ။ အဲဒီလို ပြင်ဖို့ အတွက်ပဲ ကြိုးပမ်းရမှာလေ။ ဒါပေမယ့် အခုချိန်မှာ လွှတ်တော်မရှိဘူးဆိုပေမယ့် ဆွေးနွေးရေးလမ်းကြောင်းက ပျက်ပြားသွားလို့မရဘူး။ ဆွေးနွေးရေးလမ်းကြောင်းပေါ် ရ အောင် အဓိကကြိုးပမ်းရမှာဖြစ်တယ်။ အဲဒီလို ကြိုးပမ်းတဲ့ နေရာမှာ NCA ရဲ့ သဘောတရားတွေ အ နှစ်သာရတွေကို လက်ကျန်ချန်ပြီးတော့မှ သွားဖို့လိုအပ် တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ဒီမိုကရေစီ အစိုးရနှစ်ဆက် NCA စာချုပ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ချိန်က အစိုးရကိုယ်စားလှယ်အဖြစ် သမ္မတနှင့် ဒုတိယသမ္မတနှစ်ဦး၊ စစ်တပ်ဘက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယဦးစီးချုပ်၊ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဘက်က ကိုယ်စားလှယ်များနှင့် ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေ များလည်း ပါဝင်ခဲ့ကြသည်။

သို့သော် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဝါရင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး KNU က စာချုပ်၏ အခန်း(၁) အခြေခံမူကို စစ်ကောင်စီတပ်က နင်းခြေ ဖျက်ဆီး လိုက်ခြင်းကြောင့် တရားဝင်မှု မရှိတော့သလို လိုက်နာစရာ အကြောင်းမရှိတော့ဘူးဟု ထုတ်ဖော်ပြောဆိုထား သည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က စစ်တပ်အာဏာသိမ်းမှုကြောင့် NCA စာချုပ်ကို ကျောခိုင်းပြီး စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ရပ်တန့်ခဲ့သည်။

ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက “သူတို့ရဲ့ ပထဝီနိုင်ငံရေးအရဖြစ်စေ၊ အင်အားအရဖြစ်စေ သူတို့ ဟာ NCA ကို ဖက်တွယ်တာကလွဲလို့ ဘာမှနိုင်ငံရေးအားဖြင့် ရှေ့ဆက်သွားလို့မရတဲ့ အဖွဲ့အစည်းတွေပဲ NCA ထဲ မှာ ကျန်ခဲ့တာဖြစ်ပါတယ်။ အဲဒီဟာကို စစ်ကောင်စီကလည်း ပြယုဂ်အဖြစ် အပြသဘောမျိုးနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ သူတို့နဲ့ တစ် သဘောတည်းရပ်တည်တယ်၊ NCA အတိုင်း ဆက်သွားနေပါတယ် ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် အသုံးချနေတာပေါ့။ အပျော့ဆွဲပြီးတော့ အမြဲတမ်းအစည်းအဝေးခေါ်ပြီး ဒီလိုမျိုး သွားပါမယ်၊ ဒီလိုလုပ်ပါမယ်။ ဖက်ဒရယ်ပြည်ထောင်စုဘာညာတွေနဲ့ အက်ကြောင်းထပ်နေတဲ့ လမ်း ကြောင်းပေါ် ပြောတာဆိုတာလည်း လက်တွေ့အားဖြင့် NCA အတိုင်း ဘာမှအကောင်အထည်မဖော်နိုင်ဘူး” ဟု ပြောသည်။

အပစ်ရပ် ၅ ဖွဲ့က ၃ ရက်တာ ဆွေးနွေးပွဲအတွင်း စစ်ကောင်စီဘက်မှ တင်ပြလာသော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေထဲ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး ကိစ္စများနှင့် EAO ဒေသတို့တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် အပစ်ရပ် ၅ ဖွဲ့ဘက်ကလည်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ရရှိရေး နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရာမှာ အပစ်ရပ်ထိုး EAO ကိုယ်စားလှယ်များ ပါဝင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေးကိုလည်း တင်ပြခဲ့ကြသည်။

စစ်ကောင်စီနှင့် ဆွေးနွေးပြီးနောက် ညှိနှိုင်းရရှိသည့် အခြေခံသဘောတူညီချက် ၄ ချက်နှင့် ရှေ့ဆက်ဆောင် ရွက် ရမည့် ဘုံသဘောတူညီချက် မှတ်တမ်း ၅ ချက်ကို နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုလက်မှတ် ရေးထိုးနိုင် ခဲ့ ကြသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးခဲ့သည့် အပစ်ရပ် ၅ ဖွဲ့မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA PC)၊ လားဟူဒီ မိုကရက်တစ်အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဖြစ် ကြသည်။

ဓာတ်ပုံ-MOI

Most read this week

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...