မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု လူဦးရေ ၂၀ကျော် ရှိလာ

မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု လူဦးရေ ၂၀ကျော် ရှိလာ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဘက်က ဒေသခံများကို ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေလျှက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့ အထိ ဖမ်းဆီးခံရသူ ဒေသခံ ၂၀ကျော်ရှိလာပြီ ဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ် အတွင်းရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်နှင့် ဆန်ဆိုင်များမှာ ကာကွယ်ရေး တပ်များကို ထောက်ခံသည် ဆိုသော စွပ်စွဲချက်နှင့် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်သည်။ ဩဂုတ်လ ၃၀ ရက်နေ့ တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ကျနော်တို့ နောက်ဆုံးကြားတာကတော့ အိုးတန်းရပ်ကွက်က ပရီမီယာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် အမျိုးသား နဲ့ ၄ မိုင်ရွာက အမျိုးသမီးတစ်ယောက် ထပ်ဖမ်းခံရတယ်လို့ ကြားတယ်။ တချို့ဆိုရင်ဒီကိစ္စနဲ့ ဘာမှ မပတ်သက်တာတွေပါတယ်။ တိုင်တဲ့သူက တိုင်ပေါ့၊ ရမ်းသမ်းအကုန် လိုက်ဖမ်းနေတာ။ ကျနော် သိသ လောက် ဆိုရင် ၂၀ကျော်ပြီ” ဟု ပြောသည်။

စစ်ကောင်စီဘက်က မိုးကောင်းမြို့တွင်းနေ ဒေသခံများကို ဖမ်းဆီးသည့်အခါ နေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးနေခြင်းဖြစ်ပြီး ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်း အထက ၁ ကျောင်းကို ကျောင်းလာ ကြိုသည့် ကား ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးမှုများ ဆက်တိုက် လုပ်နေကြခြင်း ဖြစ်သည်။

မိုးကောင်းမြို့နယ်တွင် ဒေသခံများ ဖမ်းဆီးခံရမှုအပေါ် ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက “ မိုး ကောင်းမြို့မှာက ဒီကျောင်းလာကြိုတဲ့ကားကို ပစ်ခတ်ရှင်းလင်းတာကနောက်ဆုံးပေါ့။ ဒီမတိုင်ခင်မှာလည်း ကာကွယ်ရေးတပ်တွေရဲ့ မစ်ရှင်တွေ အများကြီးပါ။ ဒလန်တွေ ဘာတွေ ရှင်းတာရောပေါ့ ဒါပေမယ့် အခုလို အသည်းအသန် မလုပ်ဘူး။ ပြည်သူတွေကို အကြောက်တရား သွင်းတာပေါ့။ နောက်တစ်ခါ ဖြစ်နိုင်တာက အသစ်ပြောင်းလာတဲ့ ဒကစမှူး က အသစ်ဆိုတော့ အဲ့ဒါကြောင့်လည်း ဖမ်းဆီးမှုတွေ များလာတယ်လို့ ထင် တယ်” ဟု ပြောသည်။

ထို့အပြင် မိုးကောင်းမြို့နယ်အတွင်း ကာကွယ်ရေးတပ်များကို ထောက်ပံ့မှုများ ပြုလုပ်နေသည့် အဖွဲ့များနှင့် ဆက် စပ်မှုရှိနေသူများအား ဖမ်းဆီးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ဒေသခံများကို ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က မိုးကောင်း အထက ၁ ကျောင်းတွင် ကျောင်းလာ ကြိုသည့်ကား ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီဘက်က ၂ဦး သေဆုံးခဲ့သလို သေနတ်ပါ သိမ်းဆည်းခံ လိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့တွင်း လုံခြုံရေးတင်းကြပ်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

မြို့တွင်း လုံခြုံရေး အခြေအနေနှင့် ပတ်သက်၍ အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက “နေ့ည ဆက်တိုက် ဖမ်းဆီးနေတယ် မနေ့ညကလည်း တစ်ညလုံးပဲ ကျနော်တို့တွေအပြင်တောင်ထွက်လို့ မရဘူး ၁၀ နာ ရီကနေ ၄ နာရီထိလည်း မာရှယ်လောထုတ်ထားတယ်။ ညတိုင်းကို ဖမ်းဆီးမှုတွေ လုပ်နေတာ” ဟု ပြောသည်။

မိုးကောင်းမြို့တွင် လက်ရှိချိန်ထိ ရွှေသာလောင်း ဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစား ပစ္စည်းဆိုင်က လူငယ် ၂ ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူ၏ သား ၂ ဦး၊ ဩဂုတ်လ ၂၂ ရက်နေ့က သံလွင်တည်း ခိုခန်းရှေ့ ဆံပင်ညှပ်ဆိုင်မှ အမွှာညီအစ်ကိုနှင့် နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နားရှိ ကချင်ရိုးရာစားသောက်ဆိုင်မှ ၅ ဦး၊ ဩဂုတ်လ ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံနားတွင် အမျိုးသမီး ၄ ဦးနှင့် ဩဂုတ်လ ၂၈ ရက်နေ့တွင် စျေးကုန်းထဲမှ ၃ ဦးအပါအဝင် ဩဂုတ်လ ၃၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၂ဦး စုစုပေါင်း ၂၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရသူများ အနက် အချို့အား အာမခံနှင့် ပြန်လွတ်ပေးခြင်းများ ရှိသော်လည်း မည်သူမည်ဝါကို ပြန်လွှတ် ပေးသူကိုမူ အတည်ပြုနိုင်ရေး ကချင်သတင်းဌာအနေဖြင့် ကြိုးစားလျှက် ရှိနေသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...