Published
Sunday, August 27, 2023
အရင်ကလျှပ်စစ်မီးရခဲ့တဲ့ ကျေးရွာတွေဟာ မုန်တိုင်းတိုက်ခတ်အပြီး ၄ လနီးပါးကြာတဲ့အထိ လျှပ်စစ်မီးပြန်မရသေး
- ရခိုင်မှာ အရင်ကလျှပ်စစ်မီးရခဲ့တဲ့ ကျေးရွာတွေဟာ မုန်တိုင်းတိုက်ခတ်အပြီး ၄ လနီးပါးကြာတဲ့အထိ လျှပ်စစ်မီးပြန်မရကြသေးဘူးလို့ ဆိုပါတယ်။
- ရခိုင်မှာ စစ်ကောင်စီက လမ်းဧရိယာတွေ တိုးချဲ့သတ်မှတ်နေတဲ့အတွက် မြို့နယ်တချို့က နေအိမ်အများအပြား ဖယ်ရှားပေးဖို့ ဖိအားပေးခံနေကြရပါတယ်။
- ကျေးရွာ ၆ ရွာလောက် အသုံးပြုနေရတဲ့ မြောက်ဦး-ပုဇွန်ဖေလမ်းဟာ ဆိုးဆိုးရွားရွားပျက်စီးနေလို့ ဒေသခံတွေစုပေါင်းပြီး ကိုယ်ထူကိုယ်ထပြုပြင်နေကြရပါတယ်။