မိုးကောင်းတွင် လူငယ် ၈ ဦး ဖမ်းဆီးခံရ

မိုးကောင်းတွင် လူငယ် ၈ ဦး ဖမ်းဆီးခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ကျောင်းလာကြိုသည့် စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဒေသခံ လူငယ် ၈ ဦးဖမ်းဆီးခံခဲ့ရသည်။

ဩဂုတ်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် မိုင်းကောင်း အထက ၁ ကျောင်းကို ကျောင်းလာကြိုသည့် စစ်ကား ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်မှု ရှိနိုင်သည်ဆိုသော စွပ်စွဲချက်ဖြင့် လူငယ်အချို့ကို နေအိမ်အထိ လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မိုးကောင်းက လူငယ် ၈ ဦး ဆက်တိုက်ဖမ်းဆီးခံခဲ့သည်ဟု ဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ဒေသခံတစ်ဦးက “အဲ့ပစ်ခတ်မှုဖြစ်တဲ့ည ညဆိုပေမဲ့ မနက်ခင်းဖြစ်သွားတာတော့ ည ၂ နာရီလောက်ပေါ့ အား ကစား ပစ္စည်းရောင်းတဲ့ လူငယ်နဲ့သူ့သူငယ်ချင်း သူတို့အိမ်မှာရှိတဲ့အချိန်ဖမ်းခံရတာ။ ပြီးတော့အဲ့မနက်ပဲ မိုးလင်း လင်းချင်း အိုးတန်းက ညီအစ်ကိုနှစ်ယောက် နောက်တော့ သံလွင်တည်းခိုခန်းရှေ့က ဆံပင်ညှပ်တဲ့ ညီအစ်ကိုနှစ် ယောက် နောက်တစ်ခါ နှောင်ကိုင်တော်ကလည်း ညီကိုနှစ်ယောက်ပဲလို့ သိရတယ်” ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသော လူငယ်များမှာ ရွှေသာလောင်းဘုရားဝန်းထဲက သာသနာ့ဗိမာန် အရှေ့ရှိ အားကစား ပစ္စည်း ဆိုင်က လူငယ်တစ်ဦးနှင့် သူငယ်ချင်းဖြစ်သူ၊ ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူ၏ သားနှစ်ယောက်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ခဲ့သည့် သံလွင်တည်းခိုခန်း အရှေ့ ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကိုနှစ်ဦးနှင့် နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရ ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်များကို မိုးကောင်းမြို့ ဧည့်တပ်ဟု ခေါ်သော စစ်တပ်ဘက်တွင် ထိန်းသိမ်းထား သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် မိုးကောင်းမြို့တွင်းထဲ လူငယ်များကို ရွေး၍ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။

“အဲ့နေ့ပစ်ခတ်မှုလုပ်ခဲ့တဲ့ သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေလိုချင်တာလို့ထင်တယ် အဲ့တော့ ရနိုင်မယ် ထင်တဲ့သူကို ခန့်မှန်းပြီး လိုက်ဆွဲဖမ်းနေတယ်သဘောမျိုး ကျွန်းတောရပ်ကွက်နဲ့ မြို့တွင်းကို ဆက်သွယ်ထားတဲ့ ကျွန်းတောတံတားမှာလည်း စစ်ဆေးတယ်အဓိကလူငယ်တွေကိုပဲစစ်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်များက ညပိုင်းတွင်လည်း မိုးကောင်းမြို့တွင်းရှိ ရပ်ကွက်များထဲ ကင်းလှည့်ပတ်ခြင်းများ လုပ်နေ ကြသည့်အပြင် ရပ်ကွက်များထဲ ကင်းပုန်း ချထားခြင်းများပါ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၉ ရက်နေ့က အထက ၁ ကျောင်းတွင် ကျောင်းလာကြိုချိန် ကာကွယ်ရေးတပ်များ၏ ပစ်ခတ်တိုက် ခိုက်မှုကို ခံခဲ့ရသည့် စစ်ကောင်စီတပ်ဘက်တွင် စစ်သားနှစ်ဦး သေဆုံးပြီး သေနတ်တစ်လက်လည်း ဆုံးရှုံးလိုက် ရသည်။

အဆိုပါ စစ်ကောင်စီကားကို ပစ်ခတ်ခံခဲ့ရသည့် ဖြစ်စဥ်ဖြစ်ပွားပြီးနောက် ညပိုင်းတွင် မိုးကောင်းပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ကလည်း စစ်တပ်အနေဖြင့် ပြည်သူများကို ခြောက်လှန့်ပစ်ခတ်ကာ အထက ကျောင်းများတွင်  ဆက်လက်၍ တပ်စွဲထားမည်ဆိုပါက စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...