ပုဒ်မ ၅ဝ၅-ခ ဖြင့် အမှုဖွင့်ခံထားရသူ ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ ရက်နေ့တွင် စတင်ရုံးထုတ်စစ်ဆေးမည်

ပုဒ်မ ၅ဝ၅-ခ ဖြင့် အမှုဖွင့်ခံထားရသူ ဒေါ်ညိုအေးကို သြဂုတ်လ ၂၉ ရက်နေ့တွင် စတင်ရုံးထုတ်စစ်ဆေးမည်
Daw Nyo Aye Facebook
Daw Nyo Aye Facebook

ဆန်ပြဿနာနေ့ အခမ်းအနားကို တက်ခဲ့၍ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅-ခ ဖြင့် အမှုဖွင့်ခံထားရ သည့် အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကို လာမည့်သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ စတင်ရုံးထုတ် စစ်ဆေးတော့မည်ဟု မိသားစုဝင်များက ပြောသည်။

ဒေါ်ညိုအေး၏သမီးဖြစ်သူ မစောမြသန္တာက “အစားအသောက်ကို အပြင်က ထောင်ဝင်စာတွေနဲ့ပဲ ထည့်ပေးနေရ ပါတယ်။ လူချင်းတွေ့ခွင့်မရှိလို့ပေါ့လေ။ ဒီနေ့တော့ ထောင်ဝင်စာတွေ့တဲ့ မိန်းမတစ်ယောက်က သမီးကို အမေ က ပြောလိုက်တယ်တဲ့။ ၂၂ ရက်နေ့ ရုံးချိန်းမဟုတ်ဘူး။ ၂၉ ရက်နေ့လို့ ပြောလိုက်တယ်တဲ့။ သူကိုယ်တိုင်ပြောတာ မဟုတ်ဘူး။ ထောင်ဝင်စာသွားတွေ့တဲ့ မိန်းမတစ်ယောက်နဲ့ ကျမဆီ သတင်းစကားပါလာခဲ့တာပါ” ဟု ပြော သည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင် အမျိုးသမီး ကွန်ရက်ရုံးမှ တဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေ ကျောင်းသား သမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်း နည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစု ဝင်များက ပြောသည်။

ဖမ်းဆီးခံရပြီးနောက် သူမကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅ဝ၅-ခဖြင့် အမှုဖွင့်ကာ စစ်တွေ ထောင်သို့ ပို့ဆောင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ပုဒ်မ ၅ဝ၅-ခ သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

ဒေါ်ညိုအေးတွင် သွေးတိုးနှင့် နှလုံးရောဂါရှိသည့်အပြင် ဖမ်းဆီးခံရသည့်နေ့က တုပ်ကွေးဖြစ်သည့်အတွက် ဆေး သွင်းပြီးစ အချိန်တွင် ရဲများက ဖမ်းဆီးသွားခြင်းဖြစ်၍ သူမ၏ ကျန်းမာရေးအခြေအနေကို အလွန်တရာ စိုးရိမ် နေမိသည်ဟု သမီးဖြစ်သူ မစောမြသန္တာက ပြောသည်။

“ကျန်းမာရေး အခြေအနေကိုက အရမ်းစိုးရိမ်ပါတယ်။ အများကြီးစိုးရိမ်ပါတယ်။ ဘာဖြစ်လို့ စိုးရိမ်လဲဆိုတော့ သူက အပြင်မှာနေလို့ ဆေးကုသမှု ခံယူရမယ့် သူတစ်ယောက် ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ အသက်က လည်း ကြီးနေပြီ။ အသက်ကလည်း ၆၈ နှစ်ထဲမှာဆိုတော့ အသက်ကြီး လူတစ်ယောက်အနေနဲ့ ကျန်းမာရေး ဒဏ်ကို တွန်းလှန်ဖို့အတွက်ကို ဆေးဝါးပြည့်စုံဖို့လိုတယ်။ ပြီးတော့ အစားအသောက်တွေ အချိန်မီဖို့လိုတယ်။ အစားအသောက်၊ အာဟာရတွေ အချိန်မှန်ဖို့လိုတဲ့အတွက် သူ့ကို ဆေးကုသမှု အပြင်မှာ ခံယူစေချင်ပါတယ်။ အဲလိုစိုးရိမ်ပါတယ်။ အရမ်းစိုးရိမ်နေပါတယ်။ တွေ့လည်း တွေ့ခွင့်မရဘူးဆိုတော့ ပိုပြီး စိုးရိမ်ပါတယ်” ဟု ပြော သည်။

ဒေါ်ညိုအေးတက်ရောက်ခဲ့သည့် စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်း  အနားသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်၌ ဆန်ရေစပါးရှားပါးမှုကို အစိုးရက ဖြေရှင်းပေးရန် စစ်တွေလူထုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသည်ကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည့် အတွက် လူပေါင်း ၃ဝဝ ခန့် သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ် ပြုလုပ်ခဲ့သည့် အခမ်းအနားဖြစ်သည်။

Photo - Daw Nyo Aye Facebook

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...