မချမ်းဘော့မြို့ရှိ ကြိုးပြင်ကာကွယ်တောအနီး ရွှေတူးဖော်နေကြသည့်အတွက် ထိခိုက်ပျက်စီးဖြစ်

မချမ်းဘော့မြို့ရှိ ကြိုးပြင်ကာကွယ်တောအနီး ရွှေတူးဖော်နေကြသည့်အတွက် ထိခိုက်ပျက်စီးဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၊ ထီခကြိုးပြင်ကာကွယ်တော အနီးတွင် ရွှေအလွန်အကျွံ တူးဖော် နေကြသည့် အတွက် ချောင်းရေနောက်ကုန်သည့်အပြင် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ထီခချောင်းအနီးရှိ ထီခကြိုးပြင်ကာကွယ်တောတစ်ဝိုက်မှ အလန်ဂါးကျေးရွာအထိ ရွှေတူးဖော်နေကြခြင်း ဖြစ် ပြီး ကုမ္ပဏီများသာမက အနီးအနားရှိ ကျေးရွာများထဲက ဒေသခံများလည်း ဝင်ရောက် တူးဖော်နေကြခြင်း ဖြစ် သည်။

အနီးအနားရှိ ဒေသခံများမူ ကုမ္ပဏီမှ ရွှေးတူးသည့် ဘက်ဟိုးများ ဝင်ပြီးသောနေရာများတွင် တစ်နိုင်တစ်ပိုင် ဝင်ရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီနားကျေးရွာက ဒေသခံတွေလည်း အရမ်းတူးကြတယ်တဲ့။ သူတို့(ကုမ္ပဏီ) ရဲ့ ဘက်ဟိုတွင်းတွေမှာ အလု အယက်တူးပြီး မိသားစုစားဝတ်နေရေးအတွက် အနည်းအကျဉ်း အဆင်ပြေနေကြတယ်တဲ့။ ဘယ်သူမှ ခွင့်ပြု ချက်မပေးလည်း တူးနေကြတယ်” ဟု ပြောသည်။

ထီခချောင်းဘက်သို့ သွားသည့် လမ်းများတွင်လည်း ကုမ္ပဏီ၏ ဘက်ဟိုးကားများက နေ့စဉ်သွားလာနေသည့် အတွက် လမ်းများ ပျက်စီးနေကာ သွားလာရေး အခက်အခဲဖြစ်ကုန်သည့် အခြေအနေကိုပင် ရောက်နေပြီဟု ဆိုကြသည်။

ဒေသခံတစ်ဦးက “ကျေးရွာက ဒေသခံတွေကလည်း အားလုံးဝိုင်းကန့်ကွက်ကြရမယ်ဆိုတဲ့ သူတွေကလည်းမပါ။ အဲဒီတူးတဲ့နေရာမှာ ဟိုလူတွေ(ကုမ္ပဏီ)နဲ့ဝေစားမျှစာလုပ်တဲ့ လူတွေပဲပါတယ်ထင်တယ်” ဟု ပြောသည်။

နိုင်ငံရေးအခြေအနေကြောင့် ထိန်းကျောင်းပေးမည့် စနစ်များ ပျက်စီးကုန်ပြီး ကုမ္ပဏီများက ရွှေကို အလွန်အကျွံ တူးဖော်နေကြသလို ဒေသခံပြည်သူများကလည်း နေ့စဉ်ဘဝ စားသောက်ရေးအတွက် တပိုင်တနိုင် ရွှေတူးကာ အသက်မွေးဝမ်းကျောင်းလာသူ များလာသည်ဟု ဆိုကြသည်။

ကုန်ဈေးနှုန်းများလည်း နေ့စဉ်နှင့်အမျှတက်နေပြီး ဒေသခံများအနေဖြင့် ရွှေကိုသာ ဦးတည်ကာ လုပ်ကိုင်နေ လျက်ရှိရာ စားဝတ်နေရေးအတွက် တစ်စုံတစ်ရာ ပြေလည်လာသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ ရှိလာသည်ဟု ဆိုကြသည်။

ထီခကြိုးပြင်ကာကွယ်တော ဧရိယာအတွင်းက ကုန်းမြေများကိုသာမက ချောင်းတစ်လျှောက်နှင့် ချောင်း အတွင်းပိုင်းအထိ ရွှေတူး၍ ရသောနေရာများ အားလုံးနီးပါးတွင် တူးဖော်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ခွင့်ပြုချက်နှင့် ၂၀၂၁ ခုနှစ်ကစပြီး ဝင်လာသည့် ကုမ္ပဏီများကို ၂၀၂၂ ခုနှစ်ဒီဇင်ဘာလတွင် အနီး အနားတစ်ဝိုက်က ဒေသခံများက ရွှေတူးဖော်မ ရပ်ဆိုင်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ယခုအချိန်ထိ ရပ် ဆိုင်းခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြခြင်း ဖြစ်သည်။ ယခင်နှစ်ကထက်ပင် ပိုမိုတိုးချဲ့ လုပ်ကိုင်နေကြ သည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုဒေသထဲ ရွှေတူးဖော်၍ ရသောနေရာများ အားလုံးနီးပါးတွင် ကုမ္ပဏီကြီးများ ဝင်ရောက်လာပြီး ရွှေတူးဖော်လျက်ရှိရာ ၂နှစ်ကျော်အကြာတွင် ချောင်းရေများ နှောက်ကျိကုန်သည့်အပြင် သဘာ ဝပတ်ဝန်းကျင်ပါ ထိခိုက်ပျက်စီးလာနေပြီဟု ဒေသခံများက ပြောသည်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...