စစ်ကောင်စီ စစ်ကြောင်း အရပ်သား ၄ ဦးကို ပစ်သတ်

စစ်ကောင်စီ စစ်ကြောင်း အရပ်သား ၄ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ကျေးရွာတစ်ရွာထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည် သူ ၄ ဦးကို ပစ်သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာထဲသို့ သြဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၅ နာရီ ကျော်အချိန်ခန့်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် စစ်ဘေးရှောင် ပြည်သူ အမျိုးသား ၄ ဦး ကျည်ထိမှန် သေ ဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Ngazun People's Defense Force (ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့) က ထုတ်ပြန်ထားသည်။

“သေတာက စစ်ရှောင်တွေ ဟုတ်ပါတယ်။ ရွာတော်လေးက လူတွေတော့ မဟုတ်ဘူးဗျ။ မြင်းမူဘက်က လူတွေ ပါ။ မြင်းမူက လူတွေ ရွာတော်လေးမှာ လာပြီး စစ်ဘေးရှောင်နေကြတာ။ အဲ့ဒီထဲက အခု ပစ်သတ်ခံလိုက်ရ တာပါ။ ၄ ယောက်က သေသွားပြီ။ ဒဏ်ရာရတာလည်း ၂ ယောက်ရှိတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေး နေသူ တစ်ဦးက ပြောသည်။

ထို့အပြင် အပြစ်မဲ့ ပြည်သူအချို့ကိုလည်း စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားသည်ဟု ဆိုသည်။ သို့သော် ဖမ်းဆီးခံထားရသူများ၏ နောက်ဆက်တွဲ အခြေအနေကိုမူ မသိရသေးပေ။

ဩဂုတ်လ ၁၄ ရက်နေ့က သေနတ်ကျည်ထိမှန်ပြီး သေဆုံးသူ ၄ ဦးမှာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခ ကျေးရွာက ဖြစ်ပြီး ယခုလအစောကပိုင်းကစ၍ ၎င်းတို့၏ကျေးရွာထဲ စစ်တပ်က စစ်ကြောင်းထိုးလာသော ကြောင့် မြင်းမူဘက်သို့ စစ်ရှောင်လာခဲ့ကြသူများ ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

အဆိုပါ စစ်ရှောင်လေးဦးကို သေနတ်နှင့် ပစ်ခတ်ခဲ့သည့် စစ်ကြောင်းမှာ မြင်းမူမြို့ပေါ်မှ စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ရွာတော်လေးကျေးရွာကို ပစ်ခတ်ဝင်ရောက်ချိန်မှာ အနည်းဆုံး အင်အား ၁၀၀ ခန့်ပါသည်ဟု Ngazun People's Defense Force (ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်) က ထုတ်ပြန်ထား သည်။

ထိုစစ်ကြောင်းမှာ ဩဂုတ်လ ၅ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဒေသခံ အမျိုးသားကြီးတစ်ဦးအား ပစ်သတ်ခဲ့သေးသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ကြောင်းမှာ ငါန်းဇွန်မြို့ထဲ စစ်ကြောင်းထိုးဝင်လာရောက်လာသည်မှာ ၉ ရက်ခန့်ရှိနေပြီဖြစ်ပြီး ငါန်း ဇွန်မြို့နယ်ထဲက ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ စသည့်ကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့်အပြင် မြင်းမူမြို့နယ်၊ ရွာတော်လေးကျေးရွာဘက်ကိုလည်း စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ငါန်းဇွန်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်လာရောက်ချိန် ဒေသခံများက မြင်းမူဘက်သို့ စစ်ဘေးတိမ်း ရှောင် ရသည့်အပြင် မြင်းမူဘက်သို့ စစ်ကြောင်းထိုးချိန်တွင်လည်း ငါန်းဇွန်မြို့နယ်ထဲသို့ စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။

ထိုသို့ အပြန်အလှန် မြို့နယ်နှစ်ခုထဲ စစ်ဘေးရှောင်နေကြရသော်လည်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အရေ အတွက်ကိုမူ မသိရသေးပေ။

ထိုစစ်ကြောင်းထဲ စစ်ကောင်စီအင်အား ၂၀၀ နီးပါးခန့် ပါဝင်ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲပြီး အနီးအနား ကျေးရွာ များထဲ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးနေ ကြသည့် အပြင် ဒေသခံပြည်သူများပိုင် ပစ္စည်းများကို ယူသွားခြင်း၊ သီးနှံရိက္ခာများကို ဖျက်ဆီးခြင်းများ လုပ်နေသည်ဟု ဒေသခံများက ပြေသည်။

ဓါတ်ပုံ - Ngazun People's Defense Force

Most read this week

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...