လက်ခတ်တောင်ကို ပြန်ရရန် စစ်ကောင်စီတပ် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ

လက်ခတ်တောင်ကို ပြန်ရရန် စစ်ကောင်စီတပ် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ လက်ခတ်တောင်ဘုရားကုန်း စခန်းကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်း ၅ နာရီ ကျော်အချိန်မှ စတင်ကာ ၁၂၀ မမ လက်နက်ကြီး၊ အတွဲ လိုက်ပစ်ဒုံးများဖြင့် အဆက်အပြတ် ပစ်ခတ်နေပြီး မြေပြင်မှလည်း စစ်ကြောင်း ၃ ကြောင်းအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တော်လှန် ရေးပူးပေါင်းတပ်စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များ သိမ်းယူ ထားသည့် လက်ခတ်တောင်ဘုရားကုန်း တာဝါတိုင် စစ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက် သိမ်း ပိုက်ရန် စစ်အင်အား အလုံးအရင်းဖြင့် တိုက်ပွဲဖြစ်နေသည့်အခြေအနေကို KNLA ပူးပေါင်းတပ်စစ်ရေး သတင်း အရင်းအမြစ်က ယခုကဲ့သို့ ပြောသည်။

“မနက်ကြီး ၅ နာရီ လောက်ကနေ စပစ်ထုတ်တာ အခု ၉ နာရီအထိ မရပ်သေးဘူး၊ လေးကေကော်၊ ဖလူး၊ မေတ္တာလင်းမြိုင်အကုန်လမ်းတွေ ပိတ်ထားတယ်။ တိုက်ပွဲ က ၄ နေရာလောက် ဖြစ်နေတယ်။ အထိအခိုက်တွေ ကတော့ ရှိတယ်။ သူတို့ စစ်တပ်ဘက်က ပိုများတယ်။ သူတို့ဘက်က တင့်ကားတွေ၊ ဒုံးစင်ကားတွေနဲ့ ပါ ပစ်နေ တယ်။ စစ်ကြောင်းက ၃ ကြောင်းနဲ့ တက်လာတာမှာ တိုက်ပွဲကြီးနေတဲ့ သဘောပေါ့” ဟု KNLA ပူးပေါင်းတပ် စစ်ရေး သတင်း အရင်းအမြစ်က ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပိုပြင်းထန်လာနေပြီး စစ်တပ်လက်နက်ကြီး ပစ်ခတ်သံများ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှ အတိုင်းသား ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်ခတ်တောင် အနီးပတ်ဝန်းကျင်ရှိ ဆက်သွယ်သွားလာသည့် လမ်းပိုင်းများအား ဖြတ် သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အတွက် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ဘဟိကလော်၊ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင် ကျေးရွာသားဒေသခံများ နေအိမ်များအတွင်းမှ အပြင်ထွက်ခွင့်မရဘဲ ပိတ်မိနေသူများ ရှိနေ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဒေသခံတစ်ဦးက “စစ်တပ်နဲ့ BGF က လက်ခတ်တောင်ကို ပြန်သိမ်းမယ်ဆိုပြီး ပြီးခဲ့ တဲ့ ၃ရက်လောက် ကတည်း က လမ်းတွေ ပေးမသွား၊ ပေးမလာတော့ဘူး။ စစ်သားနဲ့ BGF တွေက ရွာထဲအိမ်တွေမှာလည်း တက်နေ နေကြ တာရှိတယ်။ တိုက်ပွဲက လက်နက်ကြီးတွေ နေရာစုံက ပစ်နေတော့ မနေရဲဘူး။ အပြင်ပြောင်းပြေးဖို့လည်း မရ ဘူး ဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ လက်ခတ်တောင်ဘုရားကုန်း နေရာအနီး တစ်ဝိုက်တွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ပြင်းထန် နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း၊ စစ်တပ်မှ ကင်းထောက်ပျံသန်းမှုများ ရှိနေကြောင်း KNLA ပူးပေါင်းတပ် စစ်ရေး သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်မှ ကင်းထောက်ပျံသန်းနေခြင်းသည် လေကြောင်းမှ ဗုံးကြဲရန် ပျံသန်းနေခြင်းဖြစ်နိုင်သည်ဟု အဆိုပါ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

Most read this week

October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...
October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...