ရေလွှမ်းမိုးမှုကြောင့် မောင်တောရှိ တံတား ၃ စင်း ပျက်စီးသွား၍ အသွားအလာပြတ်တောက်နေ

ရေလွှမ်းမိုးမှုကြောင့် မောင်တောရှိ တံတား ၃ စင်း ပျက်စီးသွား၍ အသွားအလာပြတ်တောက်နေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည့်အတွက် တံတား ၃ စင်းပျက်စီးသွား၍ လက်ရှိအချိန်ထိ အသွားအလာပြတ်တောက်နေဆဲဟု ကားသမားများနှင့် ဒေသခံများက ပြောသည်။

ပျက်စီးသွားသည့်တံတားများမှာ မောင်တောမြို့နယ် ဝေသာလီ-ဥဒေါင်းသွား ကားလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၁/ဝ နှင့် ၁/၁ မိုင်ကြား (မေယုဂေါက်ကွင်းနှင့် ရွှေရင်အေးကျေးရွာကြား) ရှိ ရေထုတ်ပြွန်ကွန်ကရစ်တံတား၊ မောင်တောမြို့နယ်မြောက်ပိုင်း မောင်တော-အောင်သပြေကားလမ်းရှိ သစ်တုံးနားကျေးရွာအုပ်စုမှ လက်ျာ ချောင်းတံတားနှင့် ရဲအောင်စံရဖွေကျေးရွာအုပ်စုရှိ မာဇီးတံတားတို့ဖြစ်ကြသည်။

အဆိုပါတံတားများအနက် အနံ ၁ဝ ပေ၊ အလျား ၂၄ ပေရှိသော ရေထုတ်ပြွန်ကွန်ကရစ်တံတားမှာ တံတား ကြမ်းခင်း ကွဲအက်ပျက်စီးခဲ့ပြီး လမ်းအပြင်ဘက် တံတားပေါင်ကြမ်းခင်း ငါးပေခန့်ကျိုးကျပျက်စီးခဲ့သည်ဟု သိရသည်။

ယင်းသို့ ပျက်စီးသွားမှုကြောင့် လက်ရှိအချိန်ထိ တံတားအားဖြတ်သန်းသွားလာနေရသည့် စစ်တွေမှ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ထွက်ခွာလာခဲ့သော နယ်စပ်ကုန်သွယ်ရေးကားများအပါအဝင် ကုန်ကားအစီး ၃ဝ ကျော် ပိတ်မိနေသည်ဟု ကားသမားများက ပြောသည်။

ပိတ်မိနေသည့်ကုန်ကားသမားတစ်ဦးက “၃ မိုင်ရောက်ခါနီးလေ။ အဲဒီနားလေးမှာ တံတားအတိုလေးပါ။ တံတား အတိုလေးက ဘေးပြိုကျပြီးတော့ အောက်က ရေထိုးတာနဲ့ဆိုတော့ ဝိတ်နဲ့ကား(ကုန်ပါသည့်ကား)ကို ပေး မဖြတ်တော့ဘူး။ လောလောဆယ်တော့ သူတို့ ယာယီဘေလီထိုးမယ်လို့တော့ ပြောသံကြားတယ်” ဟု ပြော သည်။

အဆိုပါပျက်စီးနေသည့်တံတားပေါ်မှ ကုန်မပါသည့်ကားများအပါအဝင် လူနှင့် ဆိုင်ကယ်များကိုမူ ဖြတ်သန်း ခွင့် ပေးထားပြီး ကုန်ပါသည့်ကားများဖြတ်ပါက အန္တရာယ်ရှိနိုင်သည်ဟု ဆိုသည်။

မည်သည့်နေ့အထိ ဆက်လက်ပိတ်မိနေဦးမည်ဆိုသည်ကို မခန့်မှန်းနိုင်သေးကြောင်းလည်း သူက ပြောသည်။

အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ သစ်သားတံတားများဖြစ်ကြသော အလျားပေ ၂၆ဝ၊ အနံ ၁၂ ပေရှိ သော လက်ျာချောင်းတံတားနှင့် အလျားပေ ၂ဝဝ၊ အနံ ၁၂ ပေရှိသော မာဇီးတံတားတို့မှာ တံတားပေါ်သို့ ရေကျော်လွန်လွှမ်းမိုးခဲ့၍ ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “ဒီတံတားတွေက ဒီနေ့ထိ သွားလာလို့ အဆင်မပြေသေးဘူး။ အစိုးရကလည်း ပြင်မပေးနိုင် သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်က မောင်တောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ ပြင်း ထန်စွာကျဆင်းခဲ့မှုကြောင့် ကားလမ်းပေါ်ရေကျော်ကာ အဆိုပါတံတား ၃ စင်း ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့က တောင်ကျရေများစီးဆင်းကာ ချောင်းရေလျှံလာပြီး မောင်တောမြို့နယ်၊ သစ်တုံးနားကျေးရွာအုပ်စုရှိ နေအိမ်များ ရေနစ်မြုပ်ခဲ့၍ ဒေသခံ ၂ဝဝ ကျော်လည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

လက်ရှိတွင် ပျက်စီးသွားသည့် တံတား ၃ စင်းအနက် ကုန်ကားများဖြတ်သန်းသွားလာနေရသည့် ရေထုတ်ပြွန် ကွန်ကရစ်တံတား ပျက်စီးခဲ့မှုကို သြဂုတ်လ ၉ ရက်၊ ညနေပိုင်းက မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင် ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပြီး အမြန်ဆုံးပြင်ဆင်နိုင်ရန် လမ်းညွှန်ခဲ့သည်ဟု ဆိြသည်။

Most read this week

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...