လက်ခတ်တောင် စခန်းပြန်သိမ်းရန် ဗိုလ်မှူးကြီးစောချစ်သူ သားကိုယ်တိုင် ဦးဆောင် စစ်ကြောင်းထိုးနေ

လက်ခတ်တောင် စခန်းပြန်သိမ်းရန် ဗိုလ်မှူးကြီးစောချစ်သူ သားကိုယ်တိုင် ဦးဆောင် စစ်ကြောင်းထိုးနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ၊ လက်ခတ်တောင် ဘုရားကုန်းစခန်းအား ပြန်လည်သိမ်းယူနိုင်ရန် နယ်ခြား စောင့်တပ် - BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ၏ သားဖြစ်သူ ဗိုလ်မှူးစောချစ်ချစ် ဦးဆောင် သည့် တပ်ရင်း ၂ ရင်းနှင့် စစ်ကောင်စီတပ်ရင်းတို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးလျက်ရှိနေသည်ဟု တော်လှန်ရေး အင်အားစုများဘက်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် BGF တို့ လက်လွတ်ဆုံးရှုံးလိုက်ရသည့် လက်ခတ် တောင် စခန်းအား ပြန်လည်သိမ်းယူနိုင်ရန် အသက် ၂၇ နှစ်အရွယ်သာ ရှိနေသေးသည့် ဗိုလ်မှူးစောချစ်ချစ် ကိုယ် တိုင် စစ်ရေးဦးဆောင် ကိုင်တွယ်နေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

KNU တပ်မဟာ ၆ မှ စစ်မြေပြင်သတင်း တာဝန်ရှိသူတစ်ဦးက “ဗိုလ်ချစ်သူသား စောချစ်ချစ် ကိုယ်တိုင်ဦးဆောင် တဲ့ BGF တပ်ရင်း ၂ ရင်းနဲ့ စစ်ကောင်စီတပ်က ၂ ရင်း ပူးပေါင်း ပြီး လက်ခတ်တောင်စခန်းကို ပြန်သိမ်းနိုင်ဖို့ စစ် ကြောင်းထိုးနေတယ်။ တက်လိုက်ပြန် ဆုတ်လိုက်ပါပဲ။ လက် နက်ကြီးမျိုးစုံအားကိုးပြီး နေ့တိုင်းလှမ်းပစ်တယ်။ BGF က ၈ ဦးလောက် ကျဆုံးတယ်၊ စစ်ကောင်စီဘက်ရော ထိခိုက်ကျဆုံးမှုရှိနေတယ်။ သူတို့လက်နက်ကြီး ကြောင့် အနီးအနားက ရွာသားတွေတော့ စစ်ရှောင်နေကြ ရ တယ်” ဟု ဩဂုတ် ၉ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

လက်ခတ်တောင်စခန်းအား ပြန်လည်သိမ်းယူနိုင်ရန် ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်မှ ဩဂုတ် ၈ ရက်နေ့အထိ စစ် ကြောင်းထိုးလာနေသည့် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁၂ဝ မမ၊ ဟောင်ဝှစ်ဇာအတွဲလိုက် ပစ်ခတ်ရသည့် ၁၂၂ မမ လက်နက်ကြီးမျိုးစုံများဖြင့် နေ့စဉ် လှမ်းပစ်ခတ်နေသည်ဟု စစ်မြေပြင်ရှိတော်လှန်ရေး ရဲဘော်များက ပြောသည်။

အဆိုပါနှစ်ဖက်တိုက်ပွဲတွင် BGF တပ်မှ ဗိုလ်မှူးစောချစ်ချစ် တိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသည်ဟု လူမှုကွန် ရက် စာမျက်နှာများပေါ်တွင် အမျိုးမျိုး ရေးသားဖော်ပြလျက်ရှိသော်လည်း BGF မိသားစု အသိုင်းအဝိုင်းများနှင့် နီးစပ်သူများအား ကေအိုင်စီ - ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းဖော်ပြချက်သည် သတင်းအမှားများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကောင်စီ၏ လက်ခတ်တောင် လက်နက်ကြီး စခန်းကုန်းအား ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု KNU - ကရင်အမျိုးသား အစည်းအရုံး၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် - BGF ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူသည် ၎င်း၏ သားဖြစ်သူ ဗိုလ်မှူးစောအဲမှူးနှင့် ဗိုလ်မှူးစောချစ်ချစ်တို့ကို BGF တပ်ဖွဲ့တွင် အရာရှိအဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ဗိုလ်မှူးစောချစ်ချစ် အနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး စစ်ဆင်ရေး တိုက်ပွဲများတွင် ၎င်းကိုယ် တိုင် ဦးဆောင်ကွပ်ကဲနေသည့် ရုပ်သံဗီဒီယိုဖိုင်များလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မကြာခဏ ထုတ်ဖော် ပြသလျက်ရှိသည်။

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...