(၃၅) နှစ်ပြည့် (၈) လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာများကလည်း စုဝေးကျင်းပခဲ့ကြသည်။
သြဂုတ် (၈) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ်ဝန်းထဲတွင် ည (၇) နာရီကစပြီး ညသပိတ် အဖြစ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ကျဆုံးသွားသော သူရဲကောင်းများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ် အာဏာရှင်စနစ်ကို ရရာနည်းလမ်းမျာဖြင့် ဆက်လက်၍ အမြစ်ပြတ် တော်လှန်ကြဖို့အတွက်လည်း တိုက်တွန်းခဲ့ ကြသည်။
အဆိုပါ လှုပ်ရှားမှုထဲ ပါဝင်သူများက ဖယောင်းတိုင်ထွန်း၍ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ခေတ်အဆက်ဆက် က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားသူများကို အလေးပြုခြင်း၊ ဂုဏ်ပြုကဗျာရွတ်ဆိုခြင်းများနှင့် စစ် အာဏာရှင်က အမျိုးမျိုး ဖိနှိပ်နေသည့် ကြားက အလျှော့မပေးဘဲ ကြိုးစားတွန်းလှန်ကြသည့် ပုံများ၊ အသက် ပေးခဲ့ရသည့် သွေးစွန်းပုံရိပ်များကို သရုပ်ဖော်ပြသခဲ့ကြသည်။
ထိုလှုပ်ရှားမှုတွင် ချင်းမိုင်ရောက် မြန်မာကျောင်းသား/သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြ သည်။