ကသိုဏ်းတောင် စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေရ

ကသိုဏ်းတောင် စစ်တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ပြည်သူရာချီ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲရှိ နမ့်မော်နှင့် ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းတို့ တိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ဒေသခံ ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်။

ကချင်လွတ်‌လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က စစ်ကောင်စီ၏ အဆိုပါ တပ်စခန်းတို့ကို ဝင် ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်လက်၍ စစ်ရေးတင်းမာနေသည့် အတွက် နမ့်မော် အနီးဝန်း ကျင်တွင် နေထိုင်ကြသည့် အရပ်သားပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြသည်။

နမ့်မော်ဒေသရှိ အရပ်သားပြည်သူများသည် လက်ရှိတွင် ဆိုင်းတောင်ကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာရှိ ဘုန်းကြီး ကျောင်းတွင် တိုက်ပွဲရှောင်လာကြသည်ဟု မှော်ရှန်ဒေသခံများက ပြောသည်။

မှော်ရှန်ဒေသခံ အမျိုးသားတစ်ဦးက “စိမ်းမြသုခကျောင်းမှာ နှစ်ဆယ်လောက်ရောက်ခဲ့တယ်။ မှော်ရှန်ကျောင်း မှာတော့ လေးရာနီးပါး ရောက်ခဲ့ကြတယ်” ဟု KNG ကို ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုများခဲ့ သောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည့်အတွက် ယခုကဲ့သို့ ထွက်ပြေးတိမ်းရှောင်လာကြ ခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်မှာရှိတဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းနှင့် ဆယ်ဇင်းကျေးရွာရှိ စစ်တပ်စခန်းကို KIA ဘက် က တစ်ရက်တည်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် စစ်တပ်ဘက်က လေကြောင်းအသုံးပြုကာ ထပ်မံ တိုက်ခိုက်လာနိုင်သည့်အတွက် ပြည်သူများ အနေဖြင့်လည်း သတိထား နေထိုင်ကြရန် KIO  သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဗိုလ်မှူးကြီးနော်ဘူက “သူတို့ဘက်က စခန်းတွေလက်လွှတ်လိုက်ရတော့ ပြန်ကလဲ့စားချေလာနိုင်တယ်။ လေ ကြောင်းတွေ ထပ်သုံးလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေ သထိထားနေကြဖို့ကိုလည်း ပြောချင်တယ်” ဟု ပြော သည်။

ဖားကန့်မြို့နယ်ထဲ ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏ ပန်းတင်တံတားဂိတ် တပ်စခန်း တိုက်ခိုက် ခံရချိန်တွင်လည်း စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများ ရှိခဲ့သည်။ အဆိုပါ ဂိတ်စခန်း တိုက်ခိုက်ခံရချိန်တွင် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းမျိုး မရှိခဲ့ပေ။

သို့သော် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ဆယ်ဇင်းတိုက်ပွဲထဲတွင်လည်း ဒေသခံပြည်သူများ၏ အိမ်များ မီးရှို့ခံခဲ့ရသောကြောင့် အရပ်သားပြည်သူထောင်ချီ စစ်ဘေးရှောင်ခဲ့ကြရသည်။

Photo - မှော်ရှန်ရွာဘုန်းကြီးကျောင်းမှာ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ နမ့်မော်ရွာ ပြည်သူများ

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...