စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေး ဆောင်ရွက်မည်ဟု IEC ဆို

စစ်ကောင်စီကျူးလွန်သည့် ရာဇဝတ်မှုများကို တရားစွဲဆိုနိုင်ရေး ဆောင်ရွက်မည်ဟု IEC ဆို

ကယား (ကရင်နီ) ပြည်တွင် စစ်ကောင်စီက ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ၌ တရားစွဲဆိုနိုင် ရေး အဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်သွားရန် ရှိသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။

ထိုသို့ လုပ်ဆောင်နိုင်ရေး လက်ရှိတွင် IEC ၏ ဌာန ၁၂ ဌာထဲ၌ လူ့အခွင့်အရေးဌာနကို ဖွဲ့စည်းကာ တရားစွဲဆိုနိုင် ရေး ဆောင်ရွက်သွားမည်ဟု ပြောသည်။

ဦးဗညားက “ကျနော်လက်ရှိအချိန်မှာတော့ NUG မှာရှိနေတဲ့ ကျနော်တို့ NUG ရဲ့ လူ့အခွင့်အရေးဌာနနဲ့ ကျနော်တို့ စတင်ပြီးတော့ ချိတ်ဆက်မှုပြုလုပ်နေပါပြီ။ အဲ့ဒီတော့ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ ပြည်နယ် အဆင့်မှာ လုပ်နိုင်တဲ့အပိုင်းတွေကိုတော့ ဒီဌာနကနေ နောက်ပိုင်းကျရင် တိတိကျကျ ကျနော်တို့ ဆက်လုပ်သွား ဖို့ ရှိတယ်။ ပြီးတော့ ဒီဌာနအနေနဲ့လည်း ပြည်ထောင်စုအဆင့်မှာရှိနေတဲ့ ဝန်ကြီးဌာနတွေနဲ့ ကျနော်တို့ ချိတ်ဆက် ပြီးတော့မှ နိုင်ငံတကာမှာ ကျနော်တို့ တရားဥပဒေကြောင်းအရ ကျနော်တို့ သွားနိုင်တဲ့ နည်းလမ်းတွေကို ကျနော် တို့ အတူတကွ ရှာဖွေမယ်” ဟု ပြောသည်။

လက်ရှိကရင်နီပြည်နယ်ထဲ၌ စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို အစုလိုက်အပြုံလိုက် မီးရှို့ သတ် ဖြတ်ခြင်းများ၊ အမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းများ၊ တိုက်ပွဲအတွင်း အရပ်သား ပြည်သူများ ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ ကျူးလွန်လျှက် ရှိသည်။

အရပ်သားပြည်သူများ၏ နေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်းနှင့် စာသင်ကျောင်းများကို လက်နက်ကြီးအပြင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်ကာ စစ်ရာဇဝတ်မှုများကို စစ် တပ်က များစွာ ကျူးလွန်ထားသည်ဟု  ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနှင့် ပြန်ကြား ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဘာသာရေး အဆောက်အအုံတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တယ်။ လေကြောင်း တွေနဲ့ တိုက်ခိုက်တယ်။ နောက်ပြီးတော့ ဘာသာရေး အဆောက်အအုံတွေ သာမက စာသင်ကျောင်းတွေ ဆေး ခန်းတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တယ်ပေါ့နော်။ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လက်နက်ကြီးပစ် တိုက်ခိုက်တာတွေ နောက်ပြီးတော့ ဒီလို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီကနေပြီးတော့ ဒါစစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပေါ့နော်။”

လက်ရှိတွင် ကရင်နီပြည်ထဲ၌ စစ်ကောင်စီက ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုအချို့ကို နိုင်ငံတကာတွင် တရားစွဲ ဆိုနိုင်ရေး တင်သွင်းထားသည်ဟု ဦးဗညားက ဆက်ပြောသည်။

“ကျနော်သိသလောက် ဖြစ်စဉ်တွေထဲမှာတော့ မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နှစ်နေရာ တင်ထားပါတယ်။ သြ စတေးလျမှာ တစ်ခုတင်ထားတယ်။ ဒါက NUG ကနေ ဦးဆောင်ပြီးတော့မှ ပူးပေါင်းလုပ်တဲ့ ဖြစ်စဉ်ပေါ့။ နောက် တစ်ခုက ကျနော်တို့ ဂျာမနီမှာပါ။ ဂျာမနီမှာကတော့ ဖြစ်စဉ်တစ်ခုမကဘူးပေါ့နော။ ကျနော်တို့ ပြည်နယ်ရဲ့ တော် တော်များများ ဖြစ်စဥ်တွေပါဝင်တဲ့ ကျနော်တို့ ဖိုင်နဲ့ပေါ့။ ဖိုင်နဲ့ တင်သွင်းခြင်းဖြစ်ပါတယ်။ ကရင်နီ ဖြစ်စဉ်နဲ့ ပတ် သက်ရင်တော့ သြစတေးလျမှာ တစ်ခု တင်ထားတာရှိတယ်။ ဂျာမနီမှာတစ်ခု တင်ထားပါတယ်။”

လက်ရှိ ကရင်နီပြည်ထဲ လူထုက လူ့အခွင့်အရေးချိုးဖောက်မှု ခံရပါက IEC ထံ တိုင်ကြားနိုင်သည်ဟု ဆိုသည်။

IEC အနေဖြင့် လူသားချင်း စာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးဌာန အပါအဝင် ဌာန ၇ ခုကို စတင်စုဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်သည်ဟု သြဂုတ်လ ၆ ရက်နေ့တွင် လူမှုကွန်ယက်စာမျက်နှာ၌ အသိပေး ကြေညာထား သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည့် မိုဆိုက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိက တာဝန်ရှိသူ အဖြစ် လက်ရှိ ရဲချုပ်ရာထူးအပြင် ပြည်ထဲရေး ဒု-ဝန်ကြီးရာထူးကိုပါ ပူးတွဲခန့်အပ်ခံထားရသူ စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို EU ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် နေ့မှာ အရေးယူ ဒဏ်ခတ်ထားသည်။

Most read this week

October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...