ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် အော်ပရေတာများကို အရေးယူမယ်လို့ ဗန်းမောက်တော်လှန်ရေး အင် အားစုများ သတိပေး

ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် အော်ပရေတာများကို အရေးယူမယ်လို့ ဗန်းမောက်တော်လှန်ရေး အင် အားစုများ သတိပေး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများ မကြာခဏ ဆက်သွယ်ရေး ပြတ် တောက်မှုကြောင့် ဗန်းမောက်တော်လှန်ရေးအဖွဲ့က ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း လတ်တလော ဝန်ဆောင်မှုပေးနေတဲ့ MPT အပါအဝင် ဆက်သွယ်ရေး အော်ပရေတာ တွေဟာ ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းနှင့် စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးခြင်းများအတွက် အဓိက တာ ဝန်ရှိပြီး ဒီလိုဖြတ်တောက်မှုတွေ ထပ်ဖြစ်လာရင် အရေးယူသွားမယ်လို့ ဩဂုတ်လ ၁ ရက်နေ့မှာ စာတစ်စောင် ထုတ်ကာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အော်ပရေတာတွေရဲ့  အခြေခံအဆောက်အအုံတွေနဲ့ ရုံးခွဲတွေအပေါ်  ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် လတ်တလော ဖုန်းလိုင်းပြတ်တောက်ခြင်းကို အလျင်အမြန်ဆောင်ရွက်ပေးဖို့ သတိပေး ထားတာပဲ ဖြစ်ပါတယ်။

ဗန်းမောက်မြို့အနီးက ဒေသခံအမျိုးသမီးတစ်ဦးက “အေး သုံးလေးရက်ရှိပြီ ဖြတ်နေတာ။ အခုမှ ပြန်နည်းနည်း မိခဲ့ပြန်တာ။ မိလိုက် မမိလိုက်နဲ့ အစတုန်းကဆိုရင်မှာ 2G နဲ့ လိုင်းသုံးလို့တောင် ရတယ်လေ။ အခုမှာလည်း ဖုန်း ခေါ်ဖို့တောင် မနည်း” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း ဆက်သွယ်ရေး အော်ပရေတာလေးခုထဲက မိုင်တဲလ်အော်ပရေတာဟာ ၂၀၂၂ ခုနှစ် နှစ် လည်ပိုင်းမှစပြီး  ဒီနေ့အချိန်ထိ အသုံးပြုလို့ မရတော့သလို ကျန်ရှိအော်ပရေတာ သုံးခုလည်း လိုင်းကောင်း ကောင်း သုံးလို့ မရဘူးလို့ ဆိုကြပါတယ်။

“အခုက အမ်ပီတီနဲ့ အော်ရီတူးက အော်ရီတူးတောင်မှ ဟိုမှာ ပင်ဟင်းခါးဘက်ဆိုရင် ရတယ်။ အဲ့ဒါအော်ရီတူးပဲ တယ်လီနော မမိဘူး အဲ့လိုဖြစ်ကုန်တာလေ။ ကြိုကြားကြိုကြား ဖြစ်သွားတာကြီးကို အကုန်လုံးက။ အယ် ပြီး တော့ အနောက်ဖက်ကတွေဆိုရင်လည်း တယ်လီနော မိပြန်။ ဒီဘက်ကို အမ်ပီတီကို တယ်လီနောနဲ့ ဆက်ရတယ် အဲ့လို။ ဒီကနေဆက်ချင်လည်း အဲ့ဒါ အဲ့ဒီကတယ်လီနောကို အမ်ပီတီနဲ့ ဆက်ရတယ် အဲ့လို အကုန်လုံးက” လို့ ဗန်းမောက်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျန်တဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကလည်း နေရာကွက်ပြီး ရတာမျိုး ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာတော့ မည်သည့် ဆက်သွယ်ရေးအော်ပရေတာမှ ဆက်သွယ်လို့ မရ တော့ပါဘူး။

ယခုပတ်အတွင်း စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက် MPT ဖုန်းလိုင်း မကောင်းရတာဟာ ထီချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားရှိ ဘုတလက် မှာ ဖိုက်ဘာ အားနည်းချက်ရှိနေတဲ့ အတွက်ကြောင့်လို့ MPT ဆက်သွယ် ရေးအော်ပရေတာ ဝန်တမ်းတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...