မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ

မူဆယ်မြို့နယ် တိုက်ပွဲကြား အရပ်သားများ ထိခိုက်မှုရှိ

သျှမ်းပြည်၊ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ် မတော် (TNLA) တို့ဖြစ်ပွားသည့် တိုက်ပွဲကြား  အရပ်သားများ ထိခိုက်မှုရှိခဲ့သည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ ကျော်ပါသည့် စစ်ကား ၁၀ စီးကို TNLA တပ်ဖွဲ့က မူဆယ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကြား အောက်တုန့်ခန်ကျေးရွာအနီး သြဂုတ်လ ၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူ့စစ်တပ်သား ၂ဦး သေဆုံးခဲ့သည်။

ထိုမိုင်းဆွဲ တိုက်ခိုက်ခံရအပြီး မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တပ်စွဲထားသည့် အမြောက်တပ်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကုန်သွယ်ရေးဇုန်ကြားရှိ နေအိမ်တလုံး ထိမှန်ခဲ့ပြီး အမျိုး သမီးတစ်ဦး လက် နက်ကြီးစ ထိမှန်ခဲ့ကာ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကျေးရွာအတွင်း ဒေသခံအချို့လည်း မူဆယ်မြို့ပေါ် နှင့် နမ့်အွမ် ကချင်နှစ်ခြင်း ခရစ်ယာန် ကျောင်း ဝန်းထဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အာဏာသိမ်း စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာသည် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ တရုတ် - မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်သို့ သွားသည့် လမ်းမကြီး ဖြစ်သည်။

အလားတူ သြဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု၊ လွိုင်တေးမိန်း တောင် ခြေအနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲ ထပ်မံဖြစ်ပွားရာ မူဆယ်မြို့ ထဲရှိ စစ်ကောင်စီတပ် နှင့် ဟိုမွန်ရပ် ကွက်မှ ဆုတောင်းတောင်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာ ဈေးအနီးရှိ နေအိမ်တစ်လုံး ရှေ့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးကို လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံ များ သျှမ်းသံတော်ဆင့်ကို ပြောသည်။

စယ်လန့်ဒေသခံက “စယ်လန့်ထဲကို လက်နက်ကြီး နှစ်လုံးကျတာ၊ တစ်လုံးက ခြံဝန်းထဲပဲ ပေါက်ကွဲတာ ထိခိုက် ပျက်စီးမှု မရှိဘူး၊ နောက်တစ်လုံးကတော့ အိမ်ရှေ့မှာပေါက်ကွဲပြီး ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီးတစ်ဦးကို လက်နက်ကြီးစတွေ ထိမှန်သွားတယ်၊ ဒဏ်ရာတွေတော့ မပြင်းဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စယ်လန့်ကျေးရွာအုပ်စု တောင်ရပ်ကွက်မှ ဒေသခံများ အချို့သည် လွိုင်တေးမိန်း ကမ္မဌာန်း ကျောင်း တိုက်သို့ စစ်ရှောင်ထွက်ပြေး နေထိုင်ကြရသည်။

ယနေ့ စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တိုက်ပွဲကြား ထိခိုက်ကျဆုံးမှုများကို သျှမ်းသံတော်ဆင့်ကို သီးခြား အတည် ပြုနိုင်ခြင်း မရှိသေးပေ။

သြဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ပြီး ည ၉ နာရီကျော်အချိန်ထိ လက်နက်ကြီးသံများ ကြားနေရကြောင်း မူဆယ်မြို့ပေါ်ဒေသခံများ က ပြောသည်။

မူဆယ်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက “လက်နက်ကြီးသံတွေကတော့ တနေကုန်ပဲ။ အသံတွေကလည်း အကျယ်ကြီးပဲ။ တိုက်ပွဲက ဒီထက် ဆိုးလာနိုင်တဲ့အနေအထားပဲ။ အပြင်ထွက်သွား လာတာတော့ သတိထားရ မယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) TNLA တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်မှ စတင်ကာ မူဆယ်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

Most read this week

October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...