စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည့် AA တပ်ဖွဲ့ဝင်ဆိုသူမှာ ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ဟု ဦးခိုင်သုခပြော

စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည့် AA တပ်ဖွဲ့ဝင်ဆိုသူမှာ ၎င်းတို့တပ်ဖွဲ့ဝင်မဟုတ်ဟု ဦးခိုင်သုခပြော
သံတွဲအကျဉ်းထောင်အား တွေ့ရစဉ်။
သံတွဲအကျဉ်းထောင်အား တွေ့ရစဉ်။

စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးသူ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်ဆိုသူမှာ ၎င်းတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဉ္စကို ပြောလိုက်သည်။

AA တပ်ဖွ့ဝင်သူမှာ ဩဂုတ်လ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

AA အဖွဲ့ဝင်ဟုဆိုကာ လွတ်မြောက်လာသူကိစ္စနှင့်ပတ်သက်၍ ဦးခိုင်သုခက “ကျနော်တို့ ULA/AA အဖွဲ့ဝင် မဟုတ် ပါ။ သာမန် အရပ်သားပြည်သူ တစ်ယောက်ပါ” ဟု နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ထိုသို့ ဖြေဆိုခဲ့ ခြင်း ဖြစ်သည်။

စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့က ကျရောက်ခဲ့သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် ထောင်ကျနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နံပါတ်-၂၂ တွင်  သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့် (ဘ) ဦးချစ်မောင်၊ AA လက်နက်ကိုင်အဖွဲ့ ဟု ဖော်ပြထားသည်။

AA အဖွဲ့ဝင်ဟု ဆိုကာ စစ်ကောင်စီက လွှတ်ပေးခဲ့သောသူမှာ သံတွဲမြို့နယ်မှ ဦးအောင်နိုင်မြင့်(ဘ) ဦးချစ်မောင် ဖြစ်ပြီး သံတွဲအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ဦးအောင်နိုင်မြင့်သည် မည်သည့်အချိန်က မည်ကဲ့သို့ ဖမ်းဆီးခံရကာ မည်သည့် ပုဒ်မဖြင့် တရားစွဲ ထောင်ချခံခဲ့ရ သည်ကို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိခဲ့ပေ။

လွတ်လာသူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးအထဲတွင် မြန်မာအမျိုးသား မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) မှ ၂ ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ၁၆ ဦး၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ၃ ဦး နှင့် ရက္ခိုင့်တပ်တော် (AA)မှ တစ်ဦးဟု ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကိုလည်း အမှုမှ လွှတ်ပေးရန် ထုတ်ပြန်ခဲ့သော်လည်း ရခိုင်တွင် ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းအထိ AA နှင့်ဆက်စပ်ကာ အမှုရင်ဆိုင်နေရသူ တစ်ဦး တစ်ယောက်မှ လွတ်မြောက်လာခြင်း မရှိခဲ့သေးဟု စောင့်ကြည့်နေသူများက ပြောသည်။

ယမန်နေ့က စစ်ကောင်စီသည် မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေ့ါကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစု ကြည် တို့ကိုလည်း ထောင်သက်တမ်း အနည်းငယ်ကို လျော့ပေါကာ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့သည်။

အလားတူ နိုင်ငံခြားသား အကျဉ်းသူ/သား ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ သည်။

October 31, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ နာဇီရွာ(ခေါ်)စက်ရုံစုရပ်ကွက်ရဲစခန်းအနီးရှိ နေအိမ်များ...
October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...