တိုက်ပွဲအတွင်းကျန်ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရုပ်အလောင်းတစ်ချို့ကို KNDFက မြေမြုပ်သင်္ဂြိုလ်ပေးခဲ့

တိုက်ပွဲအတွင်းကျန်ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရုပ်အလောင်းတစ်ချို့ကို KNDFက မြေမြုပ်သင်္ဂြိုလ်ပေးခဲ့

ကယား (ကရင်နီ) ပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်မြေပြင် တစ်နေရာမှာ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF)က ဒီရက်ပိုင်းအတွင်း နယ်မြေရှင်းလင်းရေးလုပ်ပြီး ကျန်ရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ရုပ် အလောင်းတချို့ကို မြေမြုပ် သင်္ဂြိုလ်ပေးခဲ့ရပါတယ်။

စစ်ကောင်စီဟာ သေဆုံးသွားတဲ့ မိမိတို့ တပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ကောက်ယူလေ့ မရှိဘဲ လက်နက်တွေကိုသာ ပြန်ယူဆောင်သွားကြတယ်လို့ သိရပါတယ်။ အဲ့လို ကျန်ရှိနေခဲ့တဲ့ ရုပ်အလောင်းကို KNDF က မီးရှို့ သင်္ဂြိုလ်ပေးခဲ့တာဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF သတင်း နှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ”တိုက်ပွဲ ပြင်းထန် ဖြစ်ခဲ့တဲ့ နေရာတွေပေါ့။ လပေါင်းများစွာကြာပေါ့။ အဲ့လိုနေရာတွေမှာ စစ်ကောင်စီရဲ့ သေဆုံးတဲ့ ရုပ်အလောင်း တွေက အများကြီးပဲ။ တချို့အလောင်းတွေက မရှိတော့ဘူး။ အဲ့ကတည်းက တိုက်ပွဲတွေထဲမှာပဲ မီးရှို့ပေးလိုက် တာမျိုးတွေ ရှိတယ်။ သူ့ဟာသူပျောက်သွားတာမျိုးတွေလည်း ရှိတယ်။ တိုက်ပွဲတွေ နည်းနည်း ပြန်ငြိမ်နေတဲ့ အချိန်မှာ ကျနော်တို့ ရှင်းလင်းရေး ပြန်လုပ်တယ်ပေါ့။ ကောက်ယူလို့ ရတဲ့ စစ်ကောင်စီရဲ့ ရုပ်အလောင်းတချို့ ကျန်တယ်ပေါ့။ ထွေထွေထူးထူး လုပ်ပေးတာတော မဟုတ်ဘူး။ ကျနော်တို့အလုပ် ကျနော်လုပ်တာ။ အဲ့လို လုပ် ရင်း စစ်ကောင်စီရဲ့ အလောင်းတွေတဲ့ အခါမှာတော ဒီအလောင်းတွေမြေမြုပ်ပေးလို့ ရသေးတယ် ဆိုတဲ့ပုံစံမျိုး ကို ကျနော်တို့ မြုပ်ပေးလိုက်တဲ့ ပုံံစံမျိုးပါပဲ” ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာတော့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပဲ လတ်တလောမှာ ငြိမ်နေတယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“လက်ရှိ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ တိုက်ပွဲလေးတွေ နည်းနည်းပြန်ငြိမ်နေတယ်ပေါ့နော်။ ရံဖန်ရံခါပေါ့။ ကြိုကြားကြိုကြား တိုက်ပွဲ မျိုးတွေပဲ ရှိတယ်။ ထိတွေ့မှု အနည်းငယ် ဖြစ်တာပဲရှိတယ်။ လတ်တလောမှာတော့ တိုက်ပွဲ တွေ ငြိမ်နေတယ်ပေါ့” လို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ပြီးခဲ့ ၂၀၂၃ မတ်လ ပထမပတ်မှာကတည်းက အကြမ်းဘက် စစ် ကောင်စီဟာ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဥ် နီးပါး ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Most read this week

October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...
October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...