မွန်၊ ကရင်နဲ့ တနင်္သာရီမှာ တောင်မြေပြိုမှုဘေး အထူးသတိထားဖို့ တိုက်တွန်း

မွန်၊ ကရင်နဲ့ တနင်္သာရီမှာ တောင်မြေပြိုမှုဘေး အထူးသတိထားဖို့ တိုက်တွန်း

မြန်မာပြည် အရှေ့တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာတိုင်းတို့မှာ မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုဘေးအန္တရာယ်ကို အထူးသတိထားကြဖို့ မိုးဇလ ပညာရှင် တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက တိုက်တွန်းလိုက်တာပါ။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း မုန် တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်တဲ့အတွက် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဇူလိုင် ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲသွားပါက မိုးသက်လေပြင်းကျပြီး တစ်နာရီလျှင် ၄၅ မိုင်နှုန်း တိုက်ခတ်နိုင်သလို မြန်မာ့ကမ်းရိုးတန်းမှာ လှိုင်းအမြင့်ပေ ၁၃ ပေနီးပါးအထိ ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

လက်ရှိဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံရဲ့ မြို့နယ်တချို့မှာ မိုးရွာသွန်းမှုတွေ ပိုမိုအားကောင်း လာနိုင်သလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မိုးဇလ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းတာပါ။

မိုးဇလ တာဝန်ရှိသူတစ်ဦးက “လောလောဆယ်ကတော့ မုန်တိုင်းကလည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း မှာ ဖြစ်နေတယ်။ မုတ်သုံလေကတော့ အားကောင်းနေတယ်ပေါ့နော်။ အခုပဲခူးတို့၊ ရခိုင်တို့၊ ဒီရန်ကုန်တို့ မြန်မာ ပြည် အောက်ပိုင်းကတော့ (၁) ရက်နေ့ထိ မိုးကောင်းနိုင်တာပေါ့နော်။ လောလောဆယ် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းက ရှိနေတယ်။ ဒီကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံးလေကလည်း အားကအလွန်ကောင်းနေတာပေါ့နော်။ ဒီ(၂)ခုကြောင့်ပေါ့။ မုန်တိုင်းဖြစ်တာနဲ့ မုတ်သုံလေ အားကောင်းတာနဲ့ သွားတွေ့တဲ့အတွက်ကြောင့် မိုးများနေတာပါ။ ရေကြီးရေလျှံမှုကတော့ မိုးတွေ ဆက်တိုက်ရွာ မယ်ဆိုရင်တော့ သတိထားရင်တော့ မမှားဘူးပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိ တိုင်းထွာချက်တွေအရ လေဖိအားနည်းရပ်ဝန်းဟာ အင်အားပြင်းတဲ့ မုန်တိုင်းအဆင့်ကို မရောက်ရှိနိုင် ပေမယ့် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ် ရွာသွန်းနိုင်တဲ့အတွက် ရေကြီးရေလျှံမှုတွေ၊ တောင်မြေပြိုကျ တာတွေ ဖြစ်နိုင်တာကြောင့် အထူးသတိထားနေထိုင်ကြဖို့ သူကဆက်ပြောပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများကလည်း လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေတဲ့ ကာလဟာ ရေထရက်နဲ့ ကြုံနေရတာကြောင့် ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့နဲ့ လိုအပ်ပါကအကူအညီ တောင်းခံကြဖို့ တိုက်တွန်းတာ ပါ။

လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ပြီးခဲ့တဲ့နှစ်က မုန်တိုင်းနဲ့မဆုံတော့ ရေကသိပ်မရောက်ဘူး။ ဒီနှစ် ကတော့ ရေတက်နဲ့လည်း ဆုံတယ်၊ မုန်တိုင်းနဲ့လည်း ဆုံတယ်ဆိုတော့ ရေကနည်းနည်းစုမိသွားတယ်။ အခုဆို မိုးဆက်တိုက်ရွာတာက မနားမနေရွာတာက ၃ရက် ၄ရက်မြောက်ပြီးပေါ့။ နောက် ၂ရက်လောက်ဆိုရင်တော့ ပို ဆိုးလာမယ့်အနေအထားမှာ အများကြီးရှိတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ ဒီဘက်က အမြင့်ပိုင်းတွေကို နေရာရွှေ့ပေးနေတာရှိတယ်။ ကျွန်တော်က ပြည်သူတွေကို ပြောချင်တာက မပေါ့ဆကြဖို့ပေါ့။ တချို့ကျတော့ လည်း ပေတေပြီးတော့ နေတာတွေရှိတယ်” လို့ ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေအနိမ့်ပိုင်း နေရာတွေနဲ့ မြစ်ချောင်းအနီးအနားမှာ နေထိုင်သူတွေ အနေနဲ့ အထူးသတိထားနေထိုင်ဖို့ လိုအပ်သလို တောင်ခြေအနီးအနားမှာ နေထိုင်သူတွေလည်း သတိထားကြဖို့ လိုတယ်လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၂၈ ရက်နေ့ကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကျိုက်ထို၊ ဘီး လင်း၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေသလို ရေဘေးသင့် ပြည်သူ တွေ အရေးပေါ်ပြောင်းရွှေ့ရတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်တတိယအပတ်ကလည်း မွန်ပြည်နယ်တဝှမ်း ရေကြီးရေလျှံမှုကြောင့် ကလေးငယ် ၃ ဦး အပါ အဝင် ၄ ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့သလို ဒေသခံထောင်နဲ့ချီ ရေဘေးသင်ခဲ့တာပါ။

မွန်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ တောင်မြေပြိုမှုကြောင့် လူဦး ရေ ၇၀ နီးပါး သေဆုံးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ရေကြီးရေလျှံတာနဲ့ တောင်မြေပြိုမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ဇူလိုင် ၃၁ ရက်နေ့ကနေ သြဂုတ် ၂ ရက်နေ့အထိ မြန်မာပြည်တောင်ပိုင်းဒေသတွေနဲ့ ရခိုင်ပြည်က ပြည်သူတွေ အထူးသတိထား နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...