မြန်မာစစ်ရှောင် ၇၀၀ ကျော် မောင်းထုတ်ခံရသည့်အပေါ် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

မြန်မာစစ်ရှောင် ၇၀၀ ကျော် မောင်းထုတ်ခံရသည့်အပေါ် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

မဏိပူရ်ပြည်နယ်တွင် မြန်မာစစ်‌ဘေး‌ရှောင် အယောက် ၇၀၀ ကျော်ကို အိန္ဒိယ နယ်ခြားစောင့် အာသံရိုင်ဖယ် တပ်ဖွဲ့များက ပြန်လည်မောင်းထုတ်ခဲ့သည့်အပေါ် လူသားအချင်းချင်း အနေဖြင့် ခိုလှုံခွင့်ပေးသင့်ကြောင်း မီဇီုရမ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

ဇွန်လိုင်လ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း ခမ်းပတ်မြို့တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောက်ခဲ့ကြပြီး၊ အယောက် ၇၁၈ တို့ သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာ အနီးတဝိုက်သို့ ထွက်ပြေး တိမ်းရှောင် ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တပ်တို့က ပြန်လည် မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခင် ၁၉၇၁ ခုနှစ်တုန်းက သန်းနှင့်ချီသော ပါကစ္စ တန် စစ်ရှောင်များကို အိန္ဒိယနိုင်ငံ West Bangal ပြည်နယ်ထဲ ဝင်ရောက်ခိုမှုခွင့်‌ပေးခဲ့သည့်နည်းတူ အိန္ဒိယအစိုးရ အနေဖြင့် လူသားအချင်းချင်း ဖြစ်သည့် မြန်မာ စစ်ရှောင်ပြည်သူများကိုလည်း ခိုလှုံခွင့်နှင့် အစားသောက်များ ထောက်ပံ့ ကူညီပေးသင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga က ပြောသည်။

“ဥပမာ ကျွန်တော် ဦးလေးနှစ်ယောက်က မြန်မာနိုင်ငံမှာ နေပြီး ဆုံးသွားတယ်။ ပြီးတော့ အမေနဲ့ အမေ့ညီမ သူ တို့နှစ်ယောက်လည်း အိန္ဒိယမှာ နေပြီး ဆုံးခဲ့ကြတာပဲ။ ဆိုတော့ ကျွန်တော်တို့က သွေးချင်းတော်စပ်တဲ့ ဆက်ဆံ ရေးရှိခဲ့ပြီးသား ဖြစ်တယ်။ ပြီးတော့ သန်းနဲ့ချီတဲ့ ပါကစ္စတန်စစ်ရှောင်တွေကို၊ ဘယ်နေရာက လာလာ အိန္ဒိယ အစိုးရက ဘာလုပ်ခဲ့လဲ၊ သူတို့အများကြီးကူညီပေးခဲ့တာပဲ ပြီတော့ လူသားချင်းချင်းကူညီတာက ဖြစ်သင့်တာပဲ။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေကို ခိုလှုံခွင့်နဲ့ အစားအသောက် အကူအညီ ထောက်ပံ့ပေးတာက ဘာပြော စရာရှိသေးလဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Zoramthanga က ပြောဆိုခဲ့သည်။

မြန်မာစစ်ရှောင်အရေးနှင့် ပက်သက်၍ အိန္ဒိယဗဟိုအစိုးရက တရားဝင်နိုင်ငံကူးလက်မှတ် သို့မဟုတ် ခိုင်လုံသည့် ခရီးသွားစာရွက်စာတမ်းအထောက်ထားမရှိသော မြန်မာနိုင်ငံသားမျာကို မဏိပူပြည်နယ်ထဲ ဝင်ရောက်ခြင်းကို တင်းကြပ်စွာ တားမြစ်အရေးယူဆောင်ရွက်ဖို့ နယ်ခြားစောင့်စစ်တပ်ဖြစ်သော အာသံရိုင်ဖယ်ကို တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။

ထိုသို့ တာဝန်ပေးအပ်ထားသည်နှင့်အညီ မြန်မာစစ်ရှောင် ၇၁၈ ဦး နှင့်ပက်သက်၍လည်း အစီရင်ခံစာ ပြန်လည် တင်ပြဖို့ မဏိပူရ်ပြည်နယ် အစိုးရဌာန ညွန်ကြားရေးမှူးချုပ် Vineet Joshi က အာသံရိုင်ဖယ် တပ်ဖွဲ့ကို ညွှန်ကြား ထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

ပြန်လည်‌ မောင်းထုတ်ခံထားရသော ကလေး ၃၀၁ ယောက် အပါအဝင် မြန်မာစစ်ရှောင် ၇၁၈ ယောက်တို့သည်  တမူးမြို့နယ်အတွင်း ကျေးရွာအချို့တွင် ယာယီတည်းခိုနေကြရပြီး အစားအသောက် အခက်အခဲအပြင် နေထိုင် ရေးအတွက် အခက်တွေ့ရနေရသည်ဟု အနီးအနားရှိ ဒေသခံများက ပြောသည်။

၂၀၂၁ ခုနစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း ပဋိပက္ခများကြောင့် ဒေသခံပြည်သူများသည် အိန္ဒိယ နိုင်ငံဖက်ကို စစ်ဘေးတိမ်ရှောင်ခဲ့ကြရာ လက်ရှိ မဏိပူရ်ပြည်နယ်အပါဝင် မီဇိုရမ်ပြည်နယ်တို့တွင် မြန်မာ စစ်ရှောင် အယောက် ၄သောင်း ကျော်ခန့်ရှိနေကြောင်း ကူညီပေးနေသူများက ဆိုသည်။

ပုံစာ - အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Zoramthanga

October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...
October 29, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်...