ရွှေဈေးခန့်မှန်းရခက်ခဲနေ၍ ရခိုင်ကရွှေဆိုင်များ အရောင်းရပ်နားထား

ရွှေဈေးခန့်မှန်းရခက်ခဲနေ၍ ရခိုင်ကရွှေဆိုင်များ အရောင်းရပ်နားထား

ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရွှေဈေးနှုန်းများမှာ ခန့်မှန်းရ ခက်ခဲနေသဖြင့် ရခိုင်ပြည်အတွင်းက ရွှေဆိုင်အများအပြားမှာ ယာယီ အရောင်းရပ်နားထားရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်အမျိုးအစားကို လာမည့် ဇူလိုင်လ ၃၁ ရက်နေ့ တွင် ထုတ်ဝေဖြန့်ချီသွားမည်ဟု ဇူလိုင် ၂၃ ရက်နေ့က ကြေညာခဲ့သည်။ ယင်းနောက် ပြည်တွင်းရွှေဈေးမှာ ခန့်မှန်းရခက်နေ၍ အရောင်းရပ်နားထားရခြင်းဟု ရွှေဆိုင်လုပ်ငန်းရှင်များက ပြောကြသည်။

“ရွှေဈေးက ရန်ကုန်မှာ ဈေးမဖွင့်တာကြောင့် မသိရဘူး။ ဘယ်အချိန်သိရမလဲဆိုတာ အတိအကျပြောလို့မရဘူး။ အရင်ဆိုရင် ၁၁ နာရီခွဲဆိုရင် သိရပြီ။ အခုက မသိရဘူး။ လက်ရှိမှာ ရွှေအရောင်းအဝယ် မလုပ်သေးဘူး” ဟု စစ်တွေ မြို့ သိဒ္ဓိအောင်ရွှေဆိုင် တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

ရွှေဆိုင်များ အရောင်းအဝယ် ရပ်နားထားရသဖြင့် လက်ရှိတွင် ရွှေထည်အဟောင်းများကိုသာ လှဲလှယ်ပေးနေရ ကြောင်း လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ စနေနေ့က ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၃၂၇,၀၀၀ ရှိခဲ့ပြီး ဇူလိုင် လ ၂၄ ရက်နေ့တွင် ရန်ကုန်ဈေးကွက် ပိတ်ထားသောကြောင့် ရွှေဈေးမသိရသည့်အတွက် အရောင်း ရပ်နားထား ခြင်းဟု စစ်တွေ မြို့က ရွှေဆိုင်လုပ်ငန်းရှင် ဦးမောင်ကြီးက ပြောသည်။

“ဒီနေ့ (ဇူလိုင်လ ၂၄ ရက်) ရွှေဈေးအခြေအနေကို လုံးဝမသိရဘူး။ ကျနော်တို့ရောင်းတဲ့ ရွှေအဝယ်ဒိုင်တွေက အကုန်လုံး ပိတ်ထားတယ်။ ဘာကြောင့် ပိတ်ထားတာလဲတော့ မသိရဘူး။ ဝယ်တဲ့ဆိုင်တွေက မဖွင့်ဘူး။ သူတို့ လည်း ပိတ်ထားတော့ ကျနော်တို့လည်း အရောင်းအဝယ်လည်း မလုပ်ဘူး” ဟု သူက ပြောသည်။

ကျောက်တော်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးကလည်း “ကျနော်တို့မှာ ရွှေဈေးက ရန်ကုန်ကိုအခြေခံပြီး အရောင်းအဝယ် လုပ်ရတာဆိုတော့ ရန်ကုန်မှာဈေးဖွင့်မှ ဒီဘက်မှာအရောင်းအဝယ် အဆင်ပြေမှာပါ။ ဒီနေ့ဈေး ကွက်တော့ မသိရသေးဘူး” ဟု ပြောသည်။

ရွှေဈေးမြင့်တက်နေ၍ ရောင်းအားနှင့် ဝယ်လိုအားကျဆင်းနေချိန်တွင် စစ်ကောင်စီက ကျပ်နှစ်သောင်းတန်  ငွေစက္ကူထုတ်ဝေမည်ဟု ကြေညာပြီးနောက် ရွှေဈေးမတည်မငြိမ်ဖြစ်ကာ ရွှေဈေးနှုန်း ပို၍မြင့်တက်လာမည်ကို ရွှေဆိုင်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

ယနေ့ ရွှေဈေးနှုန်းသတ်မှတ်ချက်အရ  အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၃ သိန်းကျော်ဖြင့် ဈေးဖွင့်ထား သော်လည်း အရောင်းအဝယ်မပြုလုပ်ဘဲ ဈေးကွက်စောင့်ကြည့်နေသည့် ရွှေဆိုင်များရှိသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

“အခု ရွှေဈေးနှုန်းအခြေအနေကို ၂၃ သိန်းကျော်လောက် သတ်မှတ်ထားတယ်။ အပြင်မှာ ဈေးတက်နေတာက ဘာကြောင့်လဲတော့ မသိဘူး။ အရောင်းအဝယ်လည်း ဖြစ်ကြတာမဟုတ်ဘူး။ သက်သက်လိုက်ဖွနေတာမျိုးပါ။ ဒီနေ့ရန်ကုန်မှာဆိုရင် တချို့ဆိုင်တွေက ဖွင့်တယ်။ တချို့ဆိုင်တွေက ဈေးကွက်စောင့်နေကြတယ်။ လာရောင်းရင် တော့ အကုန်လုံးဝယ်ကြပါတယ်” ဟု သူက ပြောသည်။

နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေမည့်ကိစ္စနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းများ မြင့်တက်သွားခြင်းနှင့် အရောင်း အဝယ်များ ယာယီရပ်နားသွားခြင်းမှာ မြန်မာ့ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေခြင်းဟု စီးပွားရေးလုပ်ငန်းရှင်များက ရှုမြင်နေကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းရွှေစျေးနှုန်းမှာ တဖြည်းဖြည်းနှင့် အဆမတန် မြင့် တက်လာနေသည်။

ပုံစာ - စစ်တွေမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များကို ယနေ့ တွေ့ရစဉ်။

Most read this week

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...