ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားပြိုကျ၊ သွားလာရေးအခက်ကြုံ

ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားပြိုကျ၊ သွားလာရေးအခက်ကြုံ

- ဝိုင်းမော်မြို့နယ် KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာဆီ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်နေသေးတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး  ဒေသခံပြည်သူတချို့လည်း ဆက်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက်  အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။  

- ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားဆောက်လုပ်ထားတာ တစ်နှစ်တောင် မပြည့်သေးပေမဲ့လည်း ရေကြီးရေလျှံပြီး ပြိုကျသွားတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးမှာ အခက်အခဲကြုံတွေ့နေရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဂွတ်ကျေးရွာအုပ်စုအတွင်း KIO က မှိုတွေဖမ်းယူသိမ်းဆည်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိ KIO အရာရှိတွေ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

November 1, 2024
- ချင်းပြည် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေနတ်ထိမှန်...
October 31, 2024
- ထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေဝေပေးတာ နောက်ကျတာကြောင့်...
October 30, 2024
- တိုင်းရင်းသားတွေဆီမှာ "တိုက်ပြီးတော့ ရတဲ့လူ အပိုင်ယူ" ဆိုတဲ့ စိတ်ဓာတ်မျိုးမရှိဘူးလို့ NUG ရဲ့...
October 30, 2024
KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဗဟိုဌာနချုပ် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရတဲ့...