UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ

UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် NSPNC တို့ နေပြည်တော်မှာ တွေ့ဆုံနေ

သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSA အပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ (၃) ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိ နှိုင်းရေး ကော်မတီ NSPNC တို့က နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် UWSA အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA တို့ကလည်း တက်ရောက်နေကြခြင်း ဖြစ် သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုသည် ဇူလိုင်လ ၂၀ ရက် နှင့် ၂၁ ရက်နေ့ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း UWSA ၏ လားရှိုးမြို့၊ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ဆုံနေတာက ဟုတ်ပါတယ်။ မနေ့က ၂၀ ရက်နေ့ နဲ့ ဒီနေ့  ၂၁ ရက်နေ့ နှစ်ရက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဒေသအတွင်းက ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုပဲ ဆွေးနွေး ဖြစ်ခဲ့ကြတယ်” ဟု ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုသည် FPNCC အဖွဲ့ဝင်ဖြစ်သည့် UWSA “ဝ” တပ်ဖွဲ့၊ SSPP တပ်ဖွဲ့  နှင့် မိုင်းလား တပ်ဖွဲ့  NDAA တို့အကြား တွေ့ဆုံဆွေးနွေးမှု ငါးကြိမ်မြောက်ဖြစ်သည်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ NSPNC  နှင့် တွေ့ဆုံ ဆွေးနွေးနေသည့် ရှမ်းပြည်တပ်မတော် SSPP တပ်ဖွဲ့ သည် မြေပြင်တွင် စစ်ကောင်စီ တပ်ဖွဲ့ နှင့်လည်း စစ်ရေးတင်းမာမှု ရှိနေကြသည်။

ပြီးခဲ့သည့် ဇွန်လလယ်ပိုင်း အချိန်တွင် လဲချားမြို့နယ် အတွင်းရှိ SSPP တပ်စခန်းများ အားလုံး ဆုတ်ခွာရန် စစ် ကောင်စီမှ ဖိအားပေး ညွှန်ကြားမှုကို SSPP တပ်ဖွဲ့မှ လက်မခံသည့်အတွက် စစ်ရေးတင်းမာမှုများ ရှိနေခြင်း ဖြစ် သည်။

လက်ရှိ ပြုလုပ်နေသည့် ဆွေးနွေးပွဲသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ UWSA ဘက်မှ ဒုဥက္ကဌ ဦးလော်ရာကု၊ SSPP ဘက်မှ ဒုဥက္ကဌ(၃) စဝ်ဆေပိုင်ဖ နှင့် NDAA ဘက်မှ ဒုဥက္ကဌ ဦးစန်းပေ့ စသည့် ကိုယ်စားလှယ် အဖွဲ့များတက်ရောက် ဆွေးနွေးနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင်လည်း ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ က ဆွေးနွေးခဲ့သည်။

November 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ...
October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...