- ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့် ချင်း-မကွေးနယ်စပ်ရှိ ကျေးရွာတွေကဒေသခံပြည်သူထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာနဲ့အမိုးအကာတွေ လိုအပ်နေပါတယ်။
- အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ ချင်းလူမျိုးတွေအနေနဲ့ မိမိတို့နေထိုင်ရာနိုင်ငံအတွက် အနှောင့်အယှက်ဖြစ်စေမယ့် မူးယစ်ဆေးဝါးနဲ့ တရားမ၀င်လုပ်ငန်းတွေမှာ ပါ၀င်ပတ်သက်ခြင်းမပြုကြဖို့ ချင်းအမျိုးသားတပ်ဦး(CNF)က တိုက်တွန်းလိုက်ပါတယ်။
- ကန်ပက်လက်မြို့နယ် မဆာတွီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုရားကျောင်းနဲ့နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။