Published
Thursday, July 20, 2023
ထပ်ပြေးစရာ လုံခြုံတဲ့နေရာမရှိတော့ဘူးဆိုတဲ့ ကရင်နီစစ်ဘေးရှောင်များ
- လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ နယ်စပ်ကစစ်ဘေးရှောင်ငါးထောင်ကျော်ကို ထိုင်းကယာယီခိုလှုံခွင့်ပေးထားပေမဲ့ စားနပ်ရိက္ခာနဲ့အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။
- ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးဖြစ်နေကြပြီး ခြင်ထောင်တွေလိုအပ်နေပါတယ်။
- စစ်ကောင်စီတပ်က နယ်စပ်ရှိစစ်ရှောင်စခန်းအထိ လေယာဉ်နဲ့လာရောက်ဗုံးကြဲတာကြောင့် ထပ်ပြေးစရာ လုံခြုံတဲ့နေရာ မရှိတော့ဘူးလို့ ဆိုလာတဲ့ ကရင်နီစစ်ဘေးရှောင်တွေရဲ့ အကြောင်းကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။