ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံ အမှုများ တရားလွှတ်တော်ချုပ်တွင် လက်ခံ မခံ ကြားနာ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံ အမှုများ တရားလွှတ်တော်ချုပ်တွင် လက်ခံ မခံ ကြားနာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ စွဲဆိုခံထားရသည့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အပါအဝင် စုစုပေါင်းအမှု ခြောက်မှုကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် လက်ခံ၊ မခံ ကြားနာခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ် ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ တို့ကို တရားလွှတ်တော်ချုပ်တွင် လက်ခံပေးရန် လျှောက်လဲ ချက်ပေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “အထူးအယူခံဝင်ခွင့်ဆိုတော့ တစ်လနီးပါးလောက်ကြာတယ်၊ သူတို့ အဆင်ပြေ တဲ့ ရက်ကျမှ အမိန့်ချတာ။ နှစ်ဖက်လျှောက်လဲချက်တော့မဟုတ်ဘူး၊ တစ်ဖက်တည်းပဲ။ တစ်ဖက်တည်းကို လက် ခံပေးဖို့ ပြောရတာပေါ့” ဟု ပြောသည်။

အမှုများအား တရားလွှတ်တော်ချုပ်က အထူးအယူခံ ဝင်ခွင့်ပြုလိုက်ပါက စွပ်စွဲခံရသူများကို လွှတ်ပေးရန် သို့မဟုတ် အမှုကို ပယ်ချရန် နှစ်ဖက်အပြိုင်အဆိုင်လျှောက်လဲချက် ထပ်မံပေးရဦးမည်ဖြစ်သည်။

အဆိုပါ အမှုများတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ အမှုမှာ NLD - CEC က ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် နှစ်စောင်နှင့်ပတ်သက်ပြီး စွပ်စွဲခဲ့ခြင်း ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အပြင် NLD အစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်လည်း ပူးတွဲ စွဲဆိုခံထားရသည်။

သဘာဝဘေးပုဒ်မ ၂၅ အမှုမှာမူ ဒေါ်အောင်ဆန်းစုကြည်အား နှစ်မှု၊ သမ္မတဦးဝင်းမြင့်အား တစ်မှုဖြင့် စစ်ကောင်စီ ဘက်က တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ကျန်သည့် ပို့ကုန်၊ သွင်းကုန်နှင့် ဆက်သွယ်ရေး အမှုများမှာ ဒေါ်အောင်ဆန်းစု ကြည် တစ်ဦးတည်း သီးသန့် စွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ အမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ အထူးတရားရုံးက ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းတို့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည့်အတွက် ယင်းအပေါ် စွပ်စွဲခံရသူများက တရားလွှတ်တော် ချုပ်အထိ ကနဦး အယူခံတက်ခဲ့သော်လည်း ပယ်ချခံရသည့်အတွက် အထူးအယူခံ ဆက်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါအမှုများ အပါအဝင် စစ်ကောင်စီဘက်က စွပ်စွဲခဲ့သည့် အမှုများအားလုံးအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထောင်ဒဏ် ၃၃ နှစ်၊ သမ္မတဦးဝင်းမြင့် အနေဖြင့် ထောင် ဒဏ် ၁၂ နှစ်၊ ဒေါက်တာမျိုးအောင် အနေဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျော် စသည်ဖြင့် ချမှတ်ခံထားရသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...