စစ်ကောင်စီအဓိက အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားခွဲရုံးကို SOF ဖျက်ဆီးနိုင်ခဲ့

စစ်ကောင်စီအဓိက အသုံးပြုနေသည့် လျှပ်စစ်ဓာတ်အားခွဲရုံးကို SOF ဖျက်ဆီးနိုင်ခဲ့

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များ အဓိက အသုံးပြုနေသည့် မြို့နယ် လျှပ်စစ် ဓာတ်အားခွဲရုံးကို ဇူလိုင်လ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ကြောင်း အထူးစစ် ဆင်ရေးတပ်ဖွဲ့ -SOF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F နှင့် Cloud wings ဒရုန်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ၏ ဗျူဟာကုန်း၊ ဌာနဆိုင်ရာရုံး များနှင့် CCTV စသည့်နေရာများကို အဓိက လျှပ်စစ်ဓာတ်အား ခွဲယူအသုံးပြုနေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု SOF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လျှပ်စစ်ဓာတ်အားခွဲရုံမှာ စစ်ကောင်စီရဲ့ရုံး သူတို့ရဲ့ဗျူဟာကုန်းတွေမှာ သူတို့လုံခြုံရေးမီးထွန်းတာတွေ လျှပ်စစ် ဓာတ်အားသုံးတာတွေ CCTVတွေပေါ့ အဲ့ဒါတွေကိုသူတို့အဓိကသုံးတယ်။ စကစရဲ့ဆက်သွယ် ရေးစက်တွေ အထိုင်ချတဲ့နေရာပေါ့။ သူတို့လျှပ်စစ်ခွဲရုံပဲ ယူသုံးတာပေါ့။ပြည်သူသုံးတဲ့ ဟာမျိုးမဟုတ်ဘူး။ သူတို့ပဲသုံးတဲ့ လျှပ် စစ်ဓာတ်အားရုံးပေါ့။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ပစ်မှတ်ထားပြီး တိုက်ခိုက်တာပေါ့နော်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်များ အသုံးပြုနေသည့်လျှပ်စစ်ဓာတ်ခွဲအားရုံးကို USA A1 အမျိုးအစားဖြစ်သည့် ရှေ့ထွက်မိုင်းနှင့် ထိရောက်စွာဖျက်စီးနိုင်ခဲ့ကြောင်းလည်း SOF ၏ ဇူလိုင်လ ၉ ရက်နေ့ထုတ် ထုတ်ပြန်ချက် ထဲတွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံမှုနှင့် ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုများကို တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ သတင်းထုတ် ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်များက အသုံးပြုခွဲယူနေသည့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံး၊ Control Box၊ လျှပ်စစ် ပစ္စည်း၊ အဆောက်အအုံများလည်း မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းခြေ ငွေကျပ်သန်းပေါင်း နှစ်ထောင်( ၂ ဘီလီယံ ကျပ်) ခန့်ပျက်စီးခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ နှင့် ၇ရက်နေ့တွင်လည်း တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင် ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း တော်လှန်ရေးအင်အားစုဘက်မှ ထုတ်ပြန်ထားသည်။

ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်း ၃ ခုနှင့် စစ်ဆေးရေးဂိတ် (၁) ခုကို ဇွန်လ ၂၉ ရက်မှစ၍ ဇူလိုင်လ ၅ ရက်နေ့အထိ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီ ဗိုလ်တစ်ဦးသေဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့-SOF က ဇူလိုင်လ ၅ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း(ခလရ-၂၈၃) တပ်ရင်းဌာနချုပ်၊ ခုတ်ခွါး စစ်စခန်း၊ အဘစ်စစ်ကောင်စီ ဂိတ်နှင့် ခလယ်တံခွန်တိုင်ရဲစခန်းတို့ကို ဒရုန်းအကြိမ်ရည် ၂၀ ခန့်နှင့် ဗုံးသီး ၅၀ ကျော်အထိ တိုက်ခိုက်ခဲ့ကြောင်း SOF ၏ ရဲဘော်တစ်ဦးက ပြောသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...