ဇွန်လအတွင်း ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၅၀) ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန်

ဇွန်လအတွင်း ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၅၀) ကျော် သေဆုံးကြောင်း KNDF ထုတ်ပြန်

ဇွန်လအတွင်း ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီ ဘက်က တပ်သား (၅၀)ကျော် သေဆုံးခဲ့ပြီး ၎င်းတို့ရဲ့ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ ပါ တယ်။

ဇွန်လအတွင်း စစ်တပ်ဘက် သေဆုံးမှု အခြေအနေမတွေနဲ့ ပတ်သက်ပြီး ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်(KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ဇွန်လအတွင်းမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာက မိုးဗြဲမြို့၊ မယ်စဲ့၊ ရွာသစ်ပေါ့နော။ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွားတယ်။ ဒီတိုက်ပွဲအတွင်းမှာပဲ စစ်ကောင်စီ က အကုန်လုံးပေါင်းလိုက်ရင် (၅၀) လောက် ကျသွား တယ်ပေါ့နော်။ ကြားထဲမှာလည်း နေရာအနှံ့ တိုက်ပွဲ အငယ်လေးတွေဖြစ်တယ်” လို့ ပြောပါတယ်။

ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲမှာ လွိုင်ကော်မြို့နယ်မှာ ၇ ကြိမ်၊ ရှားတောမြို့နယ်မှာ တစ်ကြိမ်၊ ဖရူဆိုမြို့နယ်မှာ ၄ ကြိမ်၊ ဒီးမော့ဆိုမြို့နယ်မှာ ၅ ကြိမ် စုစုပေါင်း (၁၇) ကြိမ် ခန့် ရှိခဲ့ပြီး မိုးဗြဲမြို့၊ မယ်စဲ့နဲ့ ရွာသစ်မြို့နယ်မှာတော့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်က သေဆုံးမှုတွေရှိခဲ့သလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ ၃ ဦး ကျဆုံးခဲ့ပါတယ်။

ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့သလို တိုက်ပွဲမဖြစ်ပွားတဲ့ အချိန်တွေမှာလည်း စစ်ရှောင်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းပို့ဆောင်ခြင်းကို ပြု လုပ်နေပြီး ကရင်နီပြည်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူလူထုတွေ အနေ နဲ့ သတိထားပြီးသွားလာကြဖို့၊ စစ်ရေးသတိရှိကြဖို့ KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက် ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့က ထပ်ပြီးတော့မှ အင်အားဖြည့်တာမျိုးတွေ တောက်လျှောက်လုပ်နေတယ်။ ရဟတ်ယာဉ်နဲ့ ခဲယမ်း၊ရိက္ခာပို့တာမျိုးတွေ အင်အားဖြည့်နေတာမျိုး တောက်လျှောက်လုပ်နေတဲ့အတွက် နေရာအနှံ့မှာ ဘယ်နေ ရာမဆို တိုက်ပွဲဖြစ်နိုင်တယ်။ ပြည်သူလူထုအနေနဲ့ စစ်ရေးအသိရှိပြီးတော့မှ ခရီးဝေးသွားလာတာကို သတိထား သွားလာကြဖို့ စစ်ရေးသတင်းကို မပြတ် နားစွန့်ထားဖို့လိုတယ်။ တိုက်ပွဲက အချိန်မရွေး နေရာမရွေးဖြစ်ပွား နိုင်တယ်။ ဒါကြောင့်မလို့ တိုက်ပွဲနဲ့ အရဲစွန့်ပြီးတော့ အနီးအနားကို ဖြတ်သန်းသွားတာမျိုးတွေ စစ်ကောင်စီ တပ်စွဲထားတဲ့ အနီးကို လုံးဝမသွားဖို့ မေတ္တာရပ်ခံချင်တယ်” လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေက နေရာအနှံ့မှာ ဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိလည်း

ကရင်နီ ပြည်နယ် လွိုင်လင်လေးမြို့နယ်မှာ စစ်ကောင်စီရဲ့ လွိုင်လင်လေးအခြေစိုက် ခလရ (၅၃၀) တပ်ကနေ လွိုင်လင်လေးမြို့တွင်း နဲ့ အနီးတစ်ဝိုက်ကကျေးရွာတွေ ဆက်ဖြစ်နေပါတယ်။

ဒီတိုက်ပွဲထဲ သေဆုံးမှု ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေတွေကို  မသိရသေးပေမယ့် စစ်တပ်ဘက်ကတော့ လက်နက်ကြီး/ငယ်တွေနဲ့ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လအတွင်း ကရင်နီပြည်နယ်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် စစ်ဘေးရှောင်လူဦးရေ ၂ သိန်းခွဲကျော် ၃သိန်းနီးပါး အထိ ရှိလာပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

Most read this week

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...