ကျေးရွာ ၃ ရွာက နေရပ်ပြန် ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေ

ကျေးရွာ ၃ ရွာက နေရပ်ပြန် ပြည်သူတွေအတွက် ဆေးဝါးကူညီထောက်ပံ့မှု လိုအပ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော် လမ်းပေါ် မှာရှိတဲ့ ဝိုင်းမော်မြို့နယ် ဂါးရာယန်၊ ကဇူး၊ ဒဘတ် ကျေးရွာက နေရပ်ပြန်ပြည်သူတွေဟာ ဖျားနာသူတွေများလာနေတဲ့အတွက် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေကြပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လကစပြီး ဖျားနာသူတွေ များလာတာ ဖြစ်တယ်လို့ ဒဘတ်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ဒဘတ်ဒေသခံတစ်ဦးက “တစ်ယောက်ဖျားပြီး တစ်ယောက်ပြန်ပျောက်လိုက်နဲ့ပေါ့။ ကျွန်တော်တို့ရွာက ကလေးတွေဆို အကုန်နီးပါးကို ဖျားကြတာ။ တုတ်ကွေး၊ ငှက်ဖျား၊ ပျောက်ဆေးတွေ တစ်ခြားဆေးဝါး ခြင် ထောင်တွေက အစပေါ့။ အကူအညီ တွေလိုအပ်နေတာ။ ဒီမှာက မိသားစုတစ်ခုမှာ အလုပ်လုပ်တဲ့ သူကဖျားရင် ဝင်ငွေမရှိ အခက်အခဲ ဖြစ်ကြရမှာ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ ဂါးရာယန်ရွာမှာ ဖွင့်ထားတဲ့ ဆေးပေးခန်းနဲ့ ဒဘတ် အသင်းတော်က ချမှတ်ပေးထား တဲ့ ဆေးပေးခန်းတွေမှာ ဆေးကုသမှု ခံယူနေပေမယ့် ဖျားနာသူများနေပြီး ငှက်ဖျားရောဂါဖြစ်သူ အယောက် ၁၀၀ ကျော် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာန (KB –HDD) ကလည်း ဆေးကုသပေး တာတွေနဲ့ ဆေးဝါးကူညီတာတွေ ရံဖန်ရံခါ လာရောက် ကုသပေးတာတွေ ရှိနေပေမယ့် ဖျားနာသူများလာတဲ့ အတွက် ဆေးဝါးနဲ့ ဆေးဝါးအထောက်အကူပြု ပစ္စည်းတွေ မရှိတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဒဘတ် ကျေးရွာက ဆေးဆရာမတစ်ဦးက KNG ကို ပြောပါတယ်။

“ဖျားတဲ့သူတွေအရမ်းများတယ် နေ့တိုင်းတော့ မဟုတ်ဘူး တစ်ခါတလေဆို ၅၀ - ၆၀ လည်း ရောက်လာတယ်၊ အခုမှပဲ နေရပ်ပြန်တာ မကြာသေးတဲ့အတွက်လည်း ဆေးတွေမစုံဘူး။ အခုက ငှက်ဖျားတွေ အများကြီး ဖြစ်နေ ကြတာ။ ကလေးကအစ လူကြီးအကုန် KBC ကနေလည်း လာပြီး ကုပေးတာတွေရှိတယ်။ သူတို့လည်း အချိန် ပြည့် မဟုတ်ဘူးလေ။ ငှက်ဖျားဆေးတွေနဲ့ တခြားဆေးတွေ အရမ်းခက်ခဲနေတယ်” လို့ ပြောပါတယ်။

ဂါးရာယန်၊ ကဇူး၊ ဒဘတ်ကျေးရွာက ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ရပ်ရွာအတွင်း ရှင်းလင်းရေးတွေကိုလည်း သေချာ မပြုလုပ်နိုင်သေးတဲ့အတွက် အခုလို ဖျားနာသူတွေ များလာတာဖြစ်တယ်လို့ ဆရာမ က ဆက်ပြောပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးလုပ်တာ၊ ခြင်ကိုက်မခံရအောင် အဝတ်အစား အရှည်တွေကို ဝတ်ကြဖို့နဲ့ သောက်သုံးရေတွေကို သေချာဖုံးကြဖို့၊ မြောင်းပုတ်များကိုရှင်းလင်းရေး လုပ်ဖို့ကို လည်း ဆေးဆရာမက တိုက်တွန်းထားပါတယ်။

လက်ရှိမှာ ဒေသခံ ပြည်သူတွေဟာ ကျန်းမားရေးအတွက် စိုးရိမ်နေကြရသလို မြစ်ကြီးနား- ဗန်းမော် လမ်းမ တစ် လျှောက် စစ်ကောင်စီတပ်နဲ့ KIA တပ်တွေ အကြား စစ်ရေးတင်းမာနေတဲ့ အတွက် စားဝတ်နေရေး စိုးရိမ်နေကြ တဲ့အပြင် သွားလာရေး အခက်အခဲနဲ့ စစ်ရေး အခြေအနေတွေကိုလည်း စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂါးရာယန်၊ ကဇူး၊ ဒဘတ်ကျေးရွာက ပြည်သူတွေဟာ ၂၀၁၁ ခုနှစ်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် တို့ အကြား တစ်ကျော့ပြန် တိုက်ပွဲကြောင့် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့တွေမှာ စစ်ရှောင်ခဲ့ကြပြီး ၂၀၂၃ ဖေဖော်ဝါရီ လ ကစပြီး အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၅၀၀၀ ဝန်းကျင်က နေရပ်ပြန်လာကာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ - နေရပ်ပြန်ဂါးရာယန်ကျေးရွာပြည်သူတွေကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့ ကျန်းမာရေးဌာနက ကွင်းဆင်းဆေးကုသပေးနေပုံ

ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...