လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများ ဗုံးခိုကျင်း တူးကြရန် မင်းတပ်(ပအဖ) ထပ်မံသတိပေး

လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများ ဗုံးခိုကျင်း တူးကြရန် မင်းတပ်(ပအဖ) ထပ်မံသတိပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပိုမိုပြုလုပ်လာခြင်းကြောင့် ပြည်သူတွေ မဖြစ်မနေ (မဖြစ်မနေ) ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်သည်။

ယခုရက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ်တချို့ ပျက်စီးသည်ဟု မင်းတပ် (ပအဖ) တာဝန်ရှိသူ က ပြောသည်။

မင်းတပ်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က “ဇွန်၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံး ကြဲတယ်။ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ် တာရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲ့လို လက်နက် ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိတ်စိတ် ဖြစ်နေတဲ့အတွက်ကြောင့် အရင်က ထုတ်ပြန်ပေမဲ့ လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါနဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီ ကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ်အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁ ရက်နေ့ က ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်နေပြီး ဗုံးခိုကျင်းများ တူး ထားကြရန် ထုတ်ပြန်ထားသော်လည်း ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ဟု ဆို သည်။

တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီး ပစ် ခတ်မှုများ ပိုမိုများပြားလာခြင်းတို့ကြောင့် ပြည်သူများ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာ မြို့ နယ်နှင့် တိုက်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်သည်ဟု ဆိုသည်။

မင်းတပ်မြို့က ပြည်သူများအနေဖြင့် ရိုးရာပွဲလမ်းများ ပြုလုပ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ် ရမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၄ ရက်ကလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် နေအိမ်ဝန်းကျင်မှာ ဗုံးခိုကျင်းများ တူးထားကြရန်၊ စစ်ကောင်စီ၏ မပေါက်ကွဲသေးသော ဗုံးအကြွင်း အကျန်များကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲ နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချင်းကာကွယ်ရေး တပ် - မင်းတပ်ကို သတင်းပေးပို့ကြရန် အသိပေးထားသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၃ ဧပြီလအထိ ချင်းပြည်နယ်နှင့်ကလေးခရိုင်းအတွင်း စစ်ကောင်စီသည် လေ ကြောင်း တိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ပြီး ချင်းလူမျိုး ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းရေးရာ အဖွဲ့ ချုပ်က ထုတ်ပြန်သည်။

ယင်းသေဆုံးသူများတွင် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင် (၁၀) ဦးသာ ပါဝင်ပြီး ကျန် ၅၄ ဦးမှာ သာမန်အရပ်သား ပြည်သူများဖြစ်သည်ဟု ဆိုသည်။

November 6, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာဘက်ကို ပို့ဆောင်မည့် ဖောက်ကွဲရေးပစ္စည်းတချို့ကို...
November 6, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ (နိုဝင်ဘာလ ၆ ရက်နေ့)...
November 5, 2024
ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့၏ ...
November 4, 2024
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁...