PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာက သတင်းပေါက်ကြားမှုများကြောင့် ဖြစ်နိုင်ဟုဆို

PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာက သတင်းပေါက်ကြားမှုများကြောင့် ဖြစ်နိုင်ဟုဆို

ကာကွယ်ရေးတပ်စခန်းတွေရဲ့ တည်နေရာအတိအကျ ရရှိပြီးနောက် ပြောက်ကျားစနစ်နဲ့ ဝင်ရောက် တိုက်ခိုက်ခံ ရတာတွေအပြင် အချင်းချင်းကြား သစ္စာဖောက်မှုတွေ ရှိနေနိုင်တာကြောင့် မကြာခဏဝင်စီးခံရမှုတွေ ဖြစ်လာနေ တယ်လို့ စစ်ကိုင်းတိုင်းမှာ အခြေစိုက်ထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့အင်အား ၁၀၀ ဝန်း ကျင်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်စီးနင်းလာပြီး ရွာထိပ်မှာ ကင်းစောင့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖွဲ့ဝင် PDF ၅ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။

ဒီလိုစခန်းတွေစီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအစုလိုက် အပြုံလိုက် ခပ်စိပ်စိပ် တိုက်ခိုက်ခံလာရတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် စစ်ကိုင်းခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“တလိုင်းကျေးရွာဖြစ်စဉ်က အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပေမယ့် စစ်ကိုင်းတိုင်းမြို့နယ် ဧရာဝတီမြစ်ရိုး တစ် လျှောက်က ကာကွယ်ရေးတပ်စခန်းတွေ စီးနင်းခံရမှုဟာ စစ်ကောင်စီတပ်ဘက်က သတင်းအချက်လက်တွေကို သေချာပေါက်ရနေတာ ဖြစ်နိုင်တယ်။”

အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်ကျော် ကာလအတွင်း အထက်အညာ ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းဟာ စစ် ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်ခံရမှု အများဆုံးဖြစ်သလို နေ့စဉ်ဆိုသလို နေရာအနှံ့မှာ တိုက်ပွဲဖြစ်ပွားနေရာကနေ ပြီး ခဲ့တဲ့လမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်စခန်း စီးနင်းခံရမှုတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

KNG သတင်းဌာကနေ စုစည်းထားတဲ့ အချက်လက်တွေအရ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ နယ် ကင်းတော်ကျေးရွာက ကာကွယ်ရေး တပ်စခန်းတစ်ခု စီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ရသလို  ၂၈ ရက်နေ့မှတော့ စစ်ကိုင်းနဲ့ ဝက်လက်အစပ်မှာရှိတဲ့ တလိုင်းကျေးရွာနားက ကာကွယ်ရေး တပ်စခန်းတစ်နေရာ ခြုံ ခိုတိုက်ခိုက်ခံရတဲ့ တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မေလ လကုန်ပိုင်းကနေစပြီး ကာကွယ်ရေးတပ်စခန်းတွေရဲ့ တည်နေရာတိတိကျကို ရရှိပြီးမှသာ လုပ်ဆောင်လာတာဖြစ်သလို စစ်အင်အားကိုလည်း အရင်ကလိုများများ စားစားမသုံးဘဲ ပြောက် ကျားစနစ်နဲ့ ဝင်ရောက် တိုက်ခိုက်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဒါဟာ ကာကွယ်ရေးတပ်ဘက်မှာ သစ္စာ ဖောက်တဲ့ သူတွေရှိလို့ အခုလိုဝင်စီးခံရတာလို့ ဖြစ်နိုင်တယ်လို့ စစ်ကိုင်း တိုင်းမှာ အခြေစိုက်ထားတဲ့ ပြင်ဦးလွင်ခရိုင် နဂါးနီပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

”မန္တလေးမြို့နဲ့အရမ်းနီးကပ်တာကြောင့်ရော ကာကွယ်ရေးတပ်တွေ အင်အားကောင်းတာရောပေါ့ ပြီးတော့ စမွန်းရွာ စီးနင်းခံရမှုမှာဆို လျှော့တိုက်ဒုံး ကျည်လက်နက်ကြီးတွေရှိတာကို သူတို့သတင်းရတာတွေလည်း ဖြစ် နိုင်ပါတယ်။ ပြီးတော့ ကာကွယ်ရေးတပ်ဘက်က ကင်းပေါ့ဆမှုပေါ့ ဒီစစ်ကြောင်းတွေက အတွင်းလူတွေနဲ့ စနစ်တကျနဲ့ကို လာတာလို့ သုံးသပ်မိတယ်။ ကင်းတွေရှိတဲ့နေရာကို သူတို့က အပျောက်ကင်း ကုန်းဝပ်ပြီး လာနိုင်တယ်။ မိုင်းကွင်းတွေရောပေါ့ တော်လှန်ရေးဘက်ကနေ သစ္စာဖောက်ရှိတာလို့လည်း သုံးသပ်မိတယ်။”

ဒါ့အပြင် စစ်ကောင်စီတပ်က သတင်းရရှိတာတွေအပြင် ဗျူဟာပြောင်းလဲပြီး စစ်ရေးလှုပ်ရှားလာတယ်လို့လည်း ကာကွယ်ရေးတပ်တွေကဆိုပါတယ်။ သတင်းရရှိတာတွေအပြင် ဗျူဟာပြောင်းလဲလာတယ်လို့လည်း ကာကွယ် ရေးတပ်တွေက ဆိုပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကိုအဓိက ဦးစားပေးသင့်ကြောင်း Zero ပြောက်ကျား အဖွဲ့ က တာဝန်ရှိသူတစ်ဦးကလည်း အခုလိုပြောပါတယ်။

Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သက်ကြီးက “ကျနော်တို့ မြေပြင်မှာ အဓိကအားနည်းတာ၊ ကင်းပေါ့ ဆမှုပေါ့နော် ကင်းတွေပေါ့ကြတယ်။ ကျနော်တို့ လက်နက်ကိုင်ထားတဲ့ အဖွဲ့တွေဟာ ပွင့်ပွင့်လင်းလင်း ပြောရ ရင် ကျနော်တို့ အားနည်းချက်ကြောင့် ဖြစ်တာပါ။ ပြီးတော့ သတင်းနောက်ကျတာပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဇူလိုင်လ ၃ ရက်နေ့ထိ ဒီမိုကရေစီလှုပ်ရှားသူနဲ့ နွေဦးတော်လှန်ရေး ကာလအတွင်းမှာ ကျဆုံးခဲ့သူ ၃၇၄၄ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဖော်ပြထားပါတယ်။

ဓါတ်ပုံ - ပြီးခဲ့တဲ့ဇွန်လ ၂၅ရက်နေ့နဲ့ ၂၈ ရက်နေ့ ကျဆုံးခဲ့တဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

 

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...