ဆဒုံး- ကန်ပိုက်တီလမ်းမှာ ပြည်သူ့စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ

ဆဒုံး- ကန်ပိုက်တီလမ်းမှာ ပြည်သူ့စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေဆဲ

ဆဒုံး-ကန်ပိုက်တီလမ်းမှာ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်ဝန်းကျင်ရှိလာပြီလို့ KIA နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဆဒုံးဗျူဟာကုန်းကနေ KIA တပ်ရင်း ၃ နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရာကနေ နှစ်ဖက်ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအထိ လုပ်ဆောင်နေတယ်လို့ KIO ဗဟိုဌာနချုပ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဆဒုံးဘက်က သူ့ရဲ့အခြေနေကတော့ ဇွန်လ၂၆ရက်နေ့ကနေစတယ်လို့ပြောလို့ရပါတယ်။ စစ်ကောင်စီဘက်က တော့ အဲ့ဒီ ဆဒုံး-ကန်ပိုက်တီ လမ်းတကြောတွေကို စိုးမိုးချင်လို့ စစ်ကြောင်းတွေထိုးတဲ့ အခါကျတော့ ကျနော်တို့ KIA တပ်နဲ့ တိုက်ပွဲ ဖြစ်တဲ့အနေအထားပါ။ တိုက်ပွဲရဲ့ အခြေအနေကတော့ မြေပြင်တိုက်ပွဲတွေလည်းရှိတယ်။ ဂျက် ဖိုက်တာနဲ့ ဗုံးကြဲတဲ့ အနေအထားလည်းရှိတယ်။ ဒရုန်းနဲ့ ဗုံးကြဲတဲ့ အနေအထားလည်း ရှိပါတယ်။ အခု နောက်ဆုံးအခြေအနေကို ပြောရမယ်ဆိုရင် အဲ့ဒီတစ်ဝိုက်မှာတော့ ဆက်ပြီးတော့ တိုက်ပွဲဖြစ်ဖို့ အခြေအနေများ ပါတယ်” လို့ ပြောပါတယ်။

ဇွန်လ ၂၆ ရက်နေ့ကနေ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၈၄ တပ် နဲ့ ရွှေမင်း ပြည်သူ့စစ် ပူးပေါင်းတပ်တို့ဟာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်းကို နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ နှစ်ဖက်ထိ တွေ့မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိသလို စစ်တပ်ဘက်က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာတော့ KIA တပ်ရင်း ၃ နယ်မြေကို ဂျက်လေယာဉ်နဲ့  ၂ကြိမ်တိတိ လာရောက်ဗုံးကြဲ တိုက်ခိုက်တာတွေရှိခဲ့ပြီး အဲဒီ ည ၁၁ နာရီဝန်းကျင်မှာတော့  ဝူယန်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ ရွှေမင်းပြည်သူ့စစ် စခန်းကို KIA ဘက်ကတစ်ဖန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ် တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် ထိတွေ့တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေ ရှိနေပေမယ့် အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

လက်ရှိမှာ ဆဒုံး- ကန်ပိုက်တီလမ်းကြောင်း တစ်လျှောက် နေရာကွက်ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

ဆဒုံး-ကန်ပိုက်တီလမ်းဟာ KIA တပ်ရင်း ၃ ရဲ့ လှုပ်ရှားရာ နယ်မြေလည်းဖြစ်ပြီး ပြီးခဲ့တဲ့မေလအတွင်း KIA ရဲ့ ခွင့် ပြုချက်နဲ့ ဂိတ်ထိုင်တဲ့ အခွန်ကောက်တဲ့ ဂိတ်တစ်ခုကို ရွှေမင်းပြည်သူ့စစ်အဖွဲ့က သွားရောက် ပစ်ခတ်ခဲ့တာ ကြောင့် လုပ်ငန်းရှင် ၃ ဦးသေဆုံးပြီး ဂိတ်နားမှာ စျေးရောင်းနေတဲ့ အရပ်သား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိချိန်မှာ ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်းတွင် စစ်ရေးတင်မာနေတဲ့အပြင် စစ်ကောင်စီတပ်နဲ့ ရွှေမင်း ပြည်သူ့စစ် ပူးပေါင်းတပ် အင်အား ၂၀၀ ဝန်းကျင်က ခရီးသည်ကားများ အိမ်စီးကားများကိုလည်း တားဆီး စစ်ဆေးတာတွေ လုပ်နေတဲ့အပြင် စစ်အင်အား ထပ်မံဖြည့်တာတွေရှိနေပါတယ်။

အလားတူ ဆဒုံးနယ်တစ်လျှောက် စစ်ရေးတင်မာနေတဲ့အတွက် အင်ဝမ့်ကောင်ကျေးရွာက စာသင်ကျောင်းတွေ လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။

Most read this week

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...