ဖောင်းပြင်တိုက်ပွဲတွင် ဒေသခံနဲ့ပကဖအဖွဲ့ဝင်များ အပါအဝင် ၅ ဦးသေဆုံး

ဖောင်းပြင်တိုက်ပွဲတွင် ဒေသခံနဲ့ပကဖအဖွဲ့ဝင်များ အပါအဝင် ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များအကြား သုံးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကာင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ပကဖအဖွဲ့ဝင် ၄ ဦးနဲ့ ဒေသခံ ၁ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်နှင့်နီးစပ်သူများတွေက ပြောပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ ခလရ၂ ၇၂ နဲ့ SNA ပူးပေါင်းတပ်ဖွဲ့က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မင်းယားရွာ ကို ဦးတည်ပြီး စစ်ကြောင်းထိုးခဲ့ရာက‌ နေကာကွယ်ရေတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး   စစ် ကောင်စီတပ်ဘက်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ် နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖောင်းပြင်ရဲ့ အနောက်မြောက်ဘက်ခြမ်းက မင်းယားရွာကို ပစ်ခတ်ခဲ့တာ ဝေဟင်ကနေပစ်တယ် ပြီးရင် မြေ ပြင်ကနေ စစ်ကြောင်းပြန်ထိုးတယ်။ တိုက်ပွဲကတော့ သူတစ်ပြန်ကိုယ် ဖြစ်နေတာ။ ကျနော်တို့ဘက်က မနေ့က တစ်ယောက်ပေးလိုက်ရတယ်။ ဟိုတစ်နေ့က လေယာဥ်ပစ်တဲ့အချိန် ထွက်ပြေးရင်း ပကဖ ၃ ယောက် နဲ့ ပြည်သူ ၁ ယောက်ကျတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဟာ မင်းယာကျေးရွာနဲ့ ကပ်လျှက် ကော့ကန်းကျေးရွာအတွင်း ဖြစ်ပွားနေတာဖြစ်ပေမဲ့ လေကြောင်း တိုက်ခိုက်မူကိုတော့ မင်းယားကျေးရွာကို ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်း ၉ နာရီမှာ တစ်ကြိမ်၊ ၂၉ရက်နေ့ မနက်ပိုင်း ၉ နာရီနဲ့ ညပိုင်း ၁၀ နာရီဝန်းကျင်မှာ တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

နှစ်ဖက်ကြား သုံးရက်တာတိုက်ပွဲအတွင်းမှာ PDF၊ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ဝင်တွေနဲ့ ဒေသခံတွေ ကျဆုံးခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း တပ်ခွဲ၊တပ်ကြပ်ကြီးနဲ့ SNA တပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ၃ ဦး သေ ဆုံးခဲ့သလို AK47၊ MA3 ဒင်ခေါက် သေနတ်တစ်လက်စီနဲ့ RPG ထိပ်ဖူး တချို့အပါအဝင် ကျည်ဆံတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က မင်းယာကျေးရွာနဲ့ အနီးတစ်ဝှိုက်ကို မြေပြင်ရောဝေဟင်ကပါ ထိုးစစ်ဆင်နေတာ နဲ့ ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါတယ်။

“မြေပြင်မှာက ပကဖတွေလည်းဖွဲ့စည်းထားတယ် ကျနော်တို့လည်းထိန်းချုပ်ထားတာကို သူတို့ကမကြိုက်ဘူး။ ခဏခဏကို ရွာကနေသူတို့ဘက်က သတင်းပေးတွေက ဒီရွာမှာ ကျနော်တို့လှုပ်ရှားနေတယ်ပေါ့ ကျနော်တို့ တွေးတာကတော့ ဒီနေရာက စစ်ရေးအရလည်း အရမ်းအရေးပါတာမဟုတ်သလို စီးပွားရေးအရလည်း သူတို့ အတွက် အရေးပါတဲ့နေရာ မဟုတ်ဘူး” လို့ ပြောပါတယ်။

လက်ရှိတွင် အဆိုပါ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဟာ မင်းယာကျေးရွာအနီးမှာ ရှိနေသေးသလို အနီးပတ်ဝန်း  ကျင်က ပိုးစာကုန်း၊ မင်းယာနဲ့ ကော့ကန်းကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာသကို ထွက်ပြေးနေကြရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ် စက်တောကျေးရွာမှာ ခလရ ၂၇၂ တပ်၊ SNA ပူးပေါင်း တပ်တွေနဲ့ ကာကွယ်ရေးတပ်တွေ အကြား ၃ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် ဖောင်းပြင်မြို့ပေါ်ကို စစ်ကြောင်း ပြန်ဆုတ်ခွာသွားခဲ့ရာမှ အခုတစ်ကြိမ် ထပ်မံ စစ်ကြောင်း ထိုးလာတာ ဖြစ်ပါတယ်။

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...