မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက အခြေခံပညာကျောင်း ဆရာ၊ ဆရာမမများမှာ စနစ်သစ် Grade - 9 နှင့် Grade - 12 သင်ရိုးအတွက် စွမ်းရည်မြှင့်သင်တန်းများ မရရှိသေးသောကြောင့် သင်ကြားရေးပိုင်းတွင် အခက်ကြုံနေကြရသည်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့က ဆရာ၊ ဆရာမများအား မေလ ၁၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့များတွင် စစ်တွေ တက္ကသိုလ်နှင့် စစ်တွေ အ.ထ.ကကျောင်းများတွင် စွမ်းရည်မြှင့်သင်တန်းပို့ချပေးရန် စီစဉ်ထားခဲ့သော်လည်း မိုခါမုန်တိုင်းကြောင့် သင်တန်းရွှေ့ဆိုင်းလိုက်ရသည်။
ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်၍ ဆရာ၊ ဆရာမများမှာ အင်တာ နက်မှ တစ်ဆင့် လေ့လာသင်ကြားပေးနေရသည်။
ပုဏ္ဏားကျွန်းမြို့နယ်က အထက်တန်းပြ ဆရာမတစ်ဦးက“စနစ်သစ် Grade - 12 သင်ရိုးညွှန်တမ်းတွေမှာ တက္က သိုလ်အဆင့် စာတွေပါလာတော့ ဆရာ၊ ဆရာမတွေက သင်ခန်းစာတွေကို Online တစ်ဆင့်လေ့လာပြီးတော့ သင်ကြားပေးနေကြရတယ်။ ဆရာ၊ ဆရာမတွေအတွက် စွမ်းရည်မြှင့်သင်တန်းကလည်း မုန်းတိုင်းကြောင့် ရွှေ့ ဆိုင်းလိုက်ရတော့ သင်ကြားရေးအပိုင်းမှာ အခက်အခဲ အနည်းငယ်လောက်တော့ ရှိကြတယ်။ ဘယ်အချိန် သင် တန်းပေးမှာ မသိသေးပေမယ့် Online ကနေလေ့လာပြီး အကောင်းဆုံးဖြစ်အောင်တော့ သင်ကြားပေးနေကြ တယ်” ဟု ပြောသည်။
Online မှတစ်ဆင့် လေ့လာသင်ကြားပေးနေရ၍ အဆင်မပြေမှု အချို့ရှိနေပြီး ပညာရေးဝန်ကြီးဌာနက စွမ်းရည် မြှင့်သင်တန်း အမြန်ဆုံးစီစဉ်ပေးနိုင်လျှင် ပိုကောင်းမည်ဟု ဆရာ/မများနှင့် ကျောင်းသားမိဘများက ပြောသည်။
“ဆရာ၊ ဆရာမတွေမှာတော့ Online တွေကတဆင့် လေ့လာသင်ယူပြီးတော့ ကျောင်းသားတွေကို သင်ကြား ပေးနေကြရတာ။ သက်ဆိုင်ရာက သင်တန်းပို့ချပေးရင်တော့ ပိုပြီးကောင်းတာပေါ့။ ဆရာ၊ ဆရာမတွေ မသိသေး တာတွေ မရှင်းသေးတာတွေ အတွက် အထောက်အကူဖြစ်မှာပါ” ဟု ဘူးသီးတောင်မြို့နယ်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။
စစ်တွေမြို့က Grade - 12 ကျောင်းသူတစ်ဦး၏ မိသားစုဝင် ကိုရန်နိုင်က “ဆရာ၊ ဆရာမတွေကို စွမ်းရည်မြှင့် သင်တန်း ပေးနိုင်ရင်တော့ ကလေးတွေကို သင်ကြားမှုပိုင်းမှာ ပိုပြီး အဆင်ပြေလာနိုင်တယ်” ဟု ပြောသည်။
ဆရာ၊ ဆရာမများအား စွမ်းရည်မြှင့်သင်တန်းများကို မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက် အအုံများ ဆောက်လုပ်ပြီးစီးမှသာ စီစဉ်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
“စနစ်သစ် Grade - 9 နဲ့ Grade - 12 အတန်းတွေအတွက် ဆရာ၊ ဆရာမတွေကို စွမ်းရည်မြှင့်သင်တန်းပို့ချပေးဖို့ စီစဉ်ထားတာတွေရှိတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မပို့ချနိုင်ခဲ့ပေမယ့် တောင်ပိုင်းက မြို့နယ်တွေကိုတော့ တောင်ကုတ်တက္ကသိုလ်မှာ ပို့ချနိုင်ခဲ့ပါတယ်။ မြောက်ပိုင်းမြို့နယ်တွေမှာ တော့ စစ်တွေတက္ကသိုလ်နဲ့ ကျောင်းတွေဆောက်လုပ်ပြီးရင် သင်တန်းတွေ လုပ်ပေးသွားပါမယ်” ဟု ဦးဘထွီးစိန် က DMG ကို ပြောသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်(၁၀) ခုတွင် စာသင်ကျောင်းပေါင်း ၁,၃၅၈ ကျောင်းပျက်စီးခဲ့ပြီး လက်ရှိမှာ ကျောင်းပေါင်း ၇၈၈ ကျောင်းကို ပြုပြင် ထားပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးရုံး၏ ဇွန်လ ၂၇ ရက်နေ့ စာရင်းအရ သိရသည်။
ဆက်လက်ပြုပြင်ဆင်နေဆဲ စာသင်ကျောင်း ၆၆၀ နှင့် ပြုပြင်ရန်ကျန်ရှိနေသည့် ကျောင်း ၉၀ ခန့်ရှိနေသည့် အပြင် ကျောင်းပေါင်း ၁၈၀ ခန့်မှာ အသစ် ပြန်တည်ဆောက်ရမည် ဖြစ်သည်။
ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ ဇွန်လ ၂၆ ရက်နေ့ထိ စာရင်းအရ ရခိုင်ပြည်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူ ၅၃၄,၇၀၀ ဦး ကျောင်းအပ်နှံထားပြီး ၅၃၁,၁၈၅ ဦး ကျောင်းတက်နေပြီ ဖြစ် သည်။