အမြောက်တပ်နှင့် လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ကရင်ရွာသား ၉ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနေ

အမြောက်တပ်နှင့် လေကြောင်းပစ်ခတ်မှုကြောင့် နှစ်ကရင်ရွာသား ၉ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနေ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဝင်းရေးမြို့နယ် ထိစပ်နယ်မြေ (မွန်ပြည်နယ် ရေးမြို့နယ်) နှစ်ကရင်ရွာတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ လေကြောင်းပစ်ကူအပြင် လမိုင်းအမြောက်တပ်ရင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာအနီးများသို့ လှမ်းပစ်ခတ်သည့်အတွက် နှစ်ကရင်ဒေသခံ ၉ ဦး ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် နှစ်ကရင်ကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကျည်ထိမှန် သေ ဆုံးခဲ့ပြီး အခြား ၃ ဦးမှာ လမိုင်းမြို့ဆေးရုံသို့ အရေးပေါ် ဆေးကုသမှုခံယူနေရသလို လေကြောင်းဖြင့် လာရောက် ပစ်ခတ်သည့်အတွက် လူနေအိမ်အများပြား ထိမှန်ပျက်စီးသွားပြီး ဒေသခံအများအပြားလည်း ထိခိုက်ဒဏ်ရာရ ကြသည်ဟု ဒေသသတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေး ရဲဘော်တစ်ဦးက “ညနေ ၂ နာရီကျော်လောက်မှာ ရတခကနေ လေယာဉ်နဲ့ လာပစ်တယ်။ ပြီးမှ အမတ ၃၁၇ တပ်ရင်းကနေ ရွာ အနီးအနားတွေကို လှမ်းထုတယ်။ အိမ်တွေရော ရွာသား တွေရော အထိများကြတယ်။ အသေးစိတ်တော့ မသိရ သေးဘူး။ ၉ ယောက်လောက် ထိခိုက်ဒဏ်ရာရမယ်” ဟု ဇွန် ၂၆ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

နှစ်ကရင်ရွာ ရဲစခန်းတွင် တပ်စွဲသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း ၂၇ ပူးပေါင်းတပ်တို့ နှစ်ကရင်ရွာအနီးတွင် ဇွန် ၂၅ ရက်နေ့က နှစ်ဖက်တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် အမြောက်ပစ်ကူများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းစစ်မြေပြင် သတင်းအရင်းမြစ်များထံမှ သိရသည်။

KNLA တပ်မှူးတစ်ဦးက “အရင်က ရဲစခန်မှာ ဘယ်သူမှမရှိတော့ဘူး။ အခုစစ်တပ်ကသွားလာလှုပ်ရှားလာတယ်။ ပြန်လာခိုတပ်စွဲတယ်။ တိုက်ပွဲမှာတော့ သူတို့ဘက် ၃ ဦးကျတယ်။ ၂ ဦးထိခိုက်တယ်။ ကျနော်တို့ဘက်က ထိခိုက် မှုမရှိပါဘူး။ စခန်းကိုတော့ မသိမ်းနိုင်သေးဘူးပေါ့နော်” ဟု ကေအိုင်စီ သို့ပြောသည်။

ထိုတိုက်ပွဲ မဖြစ်ပွားခင်ရက်ပိုင်းက ရေး-ထားဝယ်-မော်လမြိုင်-ရန်ကုန်သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီးတွင် ခရီးသွားပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် လုံခြုံရေးအတွက် ကြည်ဖြူစွာဖြင့် စစ် ဆေးမှုခံယူပေးကြရန် KNLA တပ်ရင်း ၂၇ မှ ပြီးခဲ့သည့် ဇွန်လ ၁ဝ ရက်နေ့က စာထုတ်ပြန်ခဲ့ ပြီးနောက် အဆိုပါ လမ်းမတစ်လျှောက်ကို ပူးပေါင်းတပ်ဖွဲ့ များနှင့် အတူ ထိန်းချုပ်ထား လျှက်ရှိသည်။

KNU ဝင်းရေးမြို့နယ်နှင့် ထိစပ်နယ်မြေများရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် အမြောက် တပ်တို့မှ မကြာခဏ ဗုံးကြဲပစ်ခတ်သည့်အတွက် တံခွန်တိုင်၊ ဝါပသဲ၊ နှစ်ကရင်၊ ပူးလိန်၊ အနန်းကွင်းကျေးရွာ ဒေသခံများ ကျည်ထိမှန်ဒဏ်ရာရပြီး လူနေအိမ်များလည်း နေ့စဉ်ထိမှန်ပျက်စီးလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...
November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...