သံဖြူဇရပ်မြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

သံဖြူဇရပ်မြို့နယ်အတွင်း လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်၊ စခန်းကြီးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၄ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စခန်းကြီးကျေးရွာနေ အသက် ၆၀ နှစ်အရွယ် မိလှချိန်ဆိုသူ သေဆုံးသွားခဲ့သည်ဟု သိရသည်။

“ညက ၁၁ နာရီလောက်မှာ ကျွန်တော်တို့လည်း မအိပ်ရသေးဘူး။ လက်နက်ကြီးကျတဲ့အသံက တော်တော် ကျယ်တော့ သေချာတယ် ရွာထဲမှာပဲ ကျမယ်ဆိုတာ။ ခဏကြာတော့ လူတစ်ဦးထိပြီး သေဆုံးသွားတဲ့ သတင်း ကြားတယ်။ ဘယ်ကနေ ပစ်လာတာလဲတော့ ကျွန်တော်တို့လည်းမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်သည် ဘုရားသုံးလမ်ဝ (သက္ကော့ကျေးရွာ) ရှိ စစ်ကောင်စီတပ်ဖွဲ့တို့မှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဇွန်လ ၁၆ ရက်နေ့ကလည်း ရေးမြို့နယ်၊ ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျောက်အိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ နှစ်ခန့်ရှိ မိထွေးကြည် ဆိုသည့် အမျိုးသမီးသေဆုံးသွားခဲ့သေးသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရ သူများလည်း ရှိခဲ့သည်။

ဒေသတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ရေး၊ သံဖြူ ဇရပ်၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်အတွင်းက အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဆက်တိုက်ရှိ လာခဲ့သည်။

ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား ကားလမ်းတလျှောက်မှာတော့ ဇွန်လ ၁၈ ရက်နေ့ကစပြီး ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားနေပြီး ကား အသွားအလာများကိုလည်း စစ်ဆေးနေသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဥ်တန်း ပစ်ခတ် တိုက် ခိုက်ခံရသည့်ဖြစ်စဥ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်လည်း ဆက် တိုက်ရှိလာခဲ့သည်။

ရေး-သံဖြူဇရပ်ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှု ကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

November 7, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း ဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ...
November 7, 2024
မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...