PDF များ ဥပဒေဘောင်အတွင်းသို့ ပြန်ဝင်လာရန် စစ်ကောင်စီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

PDF များ ဥပဒေဘောင်အတွင်းသို့ ပြန်ဝင်လာရန် စစ်ကောင်စီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ပေါ်တွင စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများမှ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ (PDF) နှင့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း ပြန်လည် ဝင် ရောက်လာရန်အတွက် လက်ကမ်းစာစောင်များဖြန့်ဝေလျက်ရှိကြောင်း ဒေသခံများကပြောသည်။

ကော့သောင်းမြို့ပေါ်တွင် ယမန်နေ့ ဇွန်လ၂၀ရက်နေ့ ညနေပိုင်းအချိန်တွင် အာဏာသိမ်းစစ်ကောင်စီ လက် အောက်ခံ အဖွဲ့အစည်းများမှ မီးသတ်ဝတ်စုံနှင့် အရပ်သားဝတ်စုံများဝတ်ဆင်ကာ “အိမ်အပြန်လမ်းအတွက် ဖိတ်ခေါ် သံ” ခေါင်းစဉ်ပါ ဝါဒဖြန့် စာရွက်များကို လိုက်ခံဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက “မနေ့ညနေလောက်က လိုက်ဝေနေတာ။ အရင်နှစ်ကလည်း ကားနဲ့ PDFကိုဖမ်းမိရင် ဘယ်လောက်ပေး မယ်ဆိုပြီး လိုက်ကြေညာ သေးတယ်။ အခုလည်း ဒီလိုဘဲ မျိုးစုံဘဲ သူတို့လိုက်လုပ်နေတာ။ သူတို့အဲ့လို လိုက် လုပ်လည်း ဘာမှထူးလာတာမှ မဟုတ်တာ” ဟု ကေအိုင်စီ သို့ပြောသည်။

ဖိတ်ခေါ်စာပါ စာသားများအရ စစ်ကောင်စီ အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တိုင်းပြည်အာဏာ ကို လွဲပြောင်းရယူခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက် ရန် အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် အဖျက်အမှောက် လုပ်ဆောင်ရန် NUG/CRPH တို့မှ နိုင်ငံရေး မှိုင်း တိုက်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်ခံကို ဖွဲ့စည်းပြီး လုပ်ဆောင်နေကြောင်း စသည်ဖြင့် ရေးသား ဖော်ပြထားကြောင်း တွေ့ရသည်။

ထိုသို့ စစ်ကောင်စီမှ ဝါဒဖြန့် လက်ကမ်းစာစောင် ဖြန့်ဝေမှုမှာ စစ်တပ်အင်အား ပြုန်းတီးနေပြီး ဖြစ်ခြင်းကြောင့် ဖြစ်သည်ဟု ဒေသအခြေစိုက် ပြည့်သူကာကွယ်ရေး တပ်ဖွဲ့ ဝင်များက သုံးသပ်ပြောဆိုသည်။

ကော့သောင်းမြို့နယ် အခြေစိုက် PDF ၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “ပထမတစ်ချက်ကတော့ စစ်တပ်ရဲ့ တပ်အင်အားပေါ့နော် တပ်အင်အား ပြုန်းတီးခြင်းအတွက်ရယ်၊ PDF ရဲဘော်တွေရဲ့ တိုက်ရေခိုက်ရည်ကလည်း တစ်ဆင့်မြှင့်လာပြီး ဆိုတဲ့သဘောကို သက်ရောက်နေတယ်။ သူတို့မှာလည်း ရဲဘော်အင်အားမရှိတဲ့အတွက် သူ တို့ရဲ့ ရဲဘော်အင်အား ပြုန်းတီးမှုကို မြှင့်တင်ချင်တဲ့အတွက် အခုလိုလုပ်တယ်လို့ဘဲမြင်တယ်။ ကိုယ့်အလုပ် ကို ဘဲ ဆက်လုပ်ပြီးတော့ အာဏာရှင် စနစ်အမြစ်ပြတ်ဖို့အတွက်ဘဲ အဲ့ဒီရည်ရွယ်ချက် အတိုင်းဘဲ လျှောက်လှမ်း ရမှာ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လကလည်း စစ်ကောင်စီမှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်များကို ဖမ်းဆီး ပေးပါက ဆုကြေးငွေ (၁၅) သိန်းပေးမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ကော့သောင်းမြို့တွင် ငွေညှစ်တောင်းခံ ခြင်း၊ ဖမ်းဆီးထားသူများအား ငွေဖြင့် ပြန်လည်ရွေးခိုင်းပြီး ပြန်လွတ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်းလည်း ‌ဒေသခံများက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...
November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...